
ကချင်ပြည်နယ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်ဆန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသုံး ပစ္စည်းများလာရောက်ပေးအပ်လှူဒါန်း
မြစ်ကြီးနား နိုဝင်ဘာ ၁၁ ကချင်ပြည်နယ်အတွင်း ကိုဗစ် – ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်းဆန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသုံး ပစ္စည်းများကို နိုဝင်ဘာ ၁၀ ရက် မွန်းလွဲ(၂)နာရီတွင် ထိန်ချုံးခရိုင်၊ ဟော်ချောင် မြို့နယ်၊ တရုတ်-မြန်မာချစ်ကြည်ရေးဥမင်လိုဏ်ခေါင်းရှေ့တွင် ပေးအပ်လှူဒါန်းခဲ့သည်။ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသုံးပစ္စည်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် မြစ်ကြီးနားခရိုင်အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီးနှင့် တာဝန်ရှိသူများက အဆိုပါ လိုဏ်ခေါင်းရှေ့၌ ပေါင်းဆန်းပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရရုံးမှ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၏ တရုတ်ငွေယွမ်(၅)သိန်းတန်ဖိုးရှိ ဆေးရုံသုံးနှာခေါင်းစည်း (Mask) ၅၄၀၀၀၀ ခု၊ N95 Mask ၂၀၀၀၀ ၊ တခါသုံးလက်အိတ် (၄၀၀၀၀)စုံ၊ PPE…