ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲ ကျင်းပပြီး မြို့နယ်ပေါင်းစုံတင်းနစ်ပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး
မြစ်ကြီးနား ဒီဇင်ဘာ ၂၂ ကချင်ပြည်နယ် ဒီဇင်ဘာအားကစားလလူထုကိုယ်လက်လှုပ်ရှားမှုအစီအစဉ်တစ်ရပ်အဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြစ်ကြီးနားမြို့၌ ဒီဇင်ဘာ ၂၂ ရက် နံနက် ၆ နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်သူ့အားကစားကွင်း ရှေ့စုရပ်မှ စတင်တာထွက် လမ်းလျှောက်ကြသည်။ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် နေပြည်သူများ စုပေါင်း၍ ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ ရုံးကြီးလမ်း၊ ဆွမ်ပရာဘွမ်လမ်း၊ ကျောက်စိမ်းတုံးမီးပွိုင့်မှ ဆမားလမ်း၊ သခင်နက်ဖေလမ်း၊ ထိုမှတစ်ဆင့် ရုံးကြီးလမ်းအတိုင်း တစ် ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ပြည်သူ့အားကစားကွင်းသို့ ပြန်လည်ဝင်ရောက်ကာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း (Physical Fitness Dance)ကို စုပေါင်းဆောင်ရွက်ခဲ့ကြကာ လမ်းလျှောက်ပွဲတွင်…