admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် လွယ်ကူလျင်မြန်စေရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ ၁၉           ကချင်ပြည်နယ်အတွင်း ကန်ပိုက်တီနယ်စပ်ဂိတ်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှ တစ်ဆင့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် လွယ်ကူလျင်မြန်ပြီး ပုံမှန်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၏ ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ် မြန်မာ-တရုတ်ကုန်စည်ပြန်လည်စီးဆင်း နိုင်ရေးလုပ်ငန်းကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နယ်စပ်ဂိတ်များမှ တစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ ကုန်စည်များ၊ စိုက်ပျိုးရေးထုတ်ကုန် တစ်သျှူးငှက်ပျောနှင့် အခြားသီးနှံများ တင်/ပို့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်စည်တင်ပို့မည့် မော်တော်ယာဉ်များ အား စနစ်တကျစိစစ်ဆောင်ရွက်သွားရေး၊ ဒေသခံလုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ စည်းကမ်းတကျ လိုက်နာဆောင်ရွက်ရေး၊ ကြိုတင် ပြင်ဆင် ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် ဝိုင်းဝန်းဖြေရှင်း…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် မြစ်ကြီးနားမြို့နှင့်ဝိုင်းမော်မြို့အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     အောက်တိုဘာ ၁၉         ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ ၊ပြည်နယ် ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၉ ရက် နံနက် ၈နာရီက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းလှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ အုပ်စု အတွင်းရှိ ရွှေမိုးတောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီးသို့ ရောက်ရှိပြီး စေတီတော်ဂေါပကအဖွဲ့ ဝင်များနှင့်အတူ စေတီတော်ပရဝုဏ်နှင့်ရင်ပြင်တော်ပတ်လည်အား လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့ကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘုရားဖူးလာဧည့်သယ်တော်များ စိတ်အေးချမ်းစွာ လာရောက်ဖူး‌မြော် နိုင်ရေးအတွက် စေတီတော်ပရဝုဏ် သန့်ရှင်းသာယာလှပရေး အမှိုက်နှင့်ခြုံနွယ်များ ခုတ်ထွင်ရှင်း လင်းရန်၊ လှေကားအတက်အဆင်း လက်ရန်းများအား အသစ်ပြန်လည် ပြင်ဆင်မွမ်းမံရန်၊ မိုးရာသီ အတွင်း…

Read Full News

Miss Universe Myanmar 2022 ဆုရှင် ကချင်ပြည်နယ်မှအလှမယ် ဇာလီမိုး အား ကချင်ပြည်နယ်အစိုးရဖွဲ့မှ ကြိုဆိုဂုဏ်ပြု၊ ပြည်နယ်ဝန်ကြီးချုပ်(၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား     အောက်တိုဘာ ၁၈          ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအတွင်း အမေရိကန်နိုင်ငံ၊ လူဝီစီးယားနားပြည်နယ်၊ နယူးအော်ရီလင်း၌ ကျင်းပပြုလုပ်မည့် (၇၁)ကြိမ်မြောက် Miss Universe ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ယှဥ်ပြိုင်မည့် ကချင်ပြည်နယ်မှအလှမယ် ဇာလီမိုးသည် ယနေ့နံနက် ၁၀ နာရီက မြစ်ကြီးနားလေဆိပ်သို့ ရောက်ရှိရာ ပြည်နယ်အမျိုးသမီး အားကစားအဖွဲ့ဆပ်ကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ‌ဒေါ်နန်ဆိုင်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနမှ အရာထမ်း၊ အမှုထမ်းများက ဘင်ခရာအဖွဲ့များ ၊ရိုးရာအကအဖွဲ့များ၊ အေရိုးဗစ်အကအဖွဲ့ များဖြင့် တီးမှုတ်ကပြကာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ မလိခခန်းမ၌ ဂုဏ်ပြုပွဲအခမ်းအနားအား ဆက်လက် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “Miss Universe Myanmar ပြိုင်ပွဲတွင် ကချင်ပြည်နယ် ကိုယ်စားပြုအဖြစ် သွားရောက်ယှဥ်ပြိုင်ကာ…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် သီတင်းကျွတ်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲအား ကြည့်ရှုအားပေးကာ ဆုချီးမြှင့်

မြစ်ကြီးနား     အောက်တိုဘာ ၁၇ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပိုက်ကျော်ခြင်း ဆပ်ကော် မတီတို့ ပူးပေါင်းကျင်းပသည့် သီတင်းကျွတ်အထိမ်းအမှတ် အမျိုးသား (၃)ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားအား အောက်တိုဘာလ ၁၇ ရက် ညနေ ၃ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကာ ဆုများပေးအပ်ချီးမြှင့်ခဲ့ သည်။           ‌ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဥ်အ‌ဖြစ် အံတော်ရှင်(က)အသင်းနှင့်ကျောင်းသားကလပ်အသင်းတို့ အကြိတ်အနယ် ယှဥ်ပြိုင်ကစားနေမှုအား ကြည့်ရှုအား‌ပေးရာ အံတော်ရှင်(က)အသင်းက ၂ပွဲပြတ်ဖြင့်အနိုင်ရဗိုလ်စွဲသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးများက အမျိုးသား (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် နေရာအလိုက်  အကောင်းဆုံး ဆုရရှိသောအားကစားသမားများနှင့် ပွဲစဥ်တစ်လျှောက် အကောင်းဆုံး ကစားသမားအား ငွေသားဆုနှင့် ဆုတံဆိပ်များအားပေးအပ်ချီးမြှင့်သည်။ ဆက်လက်ပြီး…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် သီတင်းကျွတ်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ်အားပေး

မြစ်ကြီးနား     အောက်တိုဘာ ၁၅           ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ပြည်နယ်အတွင်းရှိ မြို့/ရွာများ သန့်ရှင်းသာယာ လှပလာစေရေး အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ခရိုင်၊ မြို့နယ်များ အလိုက် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့ ဆေးရုံအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။           ထို့သို့မြစ်ကြီးနားပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ဆေးရုံဝင်းအတွင်း ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ် သည်များနှင့် တပ်နယ်မိသားစု များက ဆေးရုံလူနာဆောင်များတွင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ခြင်း၊ အမှိုက်များကောက်ယူခြင်းနှင့် ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ပူးပေါင်းပါဝင်၍ စုပေါင်း ဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်ကာ…

Read Full News

ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြစ်ကြီးနား     အောက်တိုဘာ ၁၄           ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၆ ရက်နေ့မှ စတင်ကျင်းပပြု လုပ်ခဲ့ကြရာ အောက်တိုဘာ ၁၃ ရက် ညနေ ၃ နာရီက ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။            ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားခရိုင်အသင်းနှင့် ပူတာအိုခရိုင်အသင်းတို့ ယှဉ်ပြိုင် ကစားမှုကို ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အမျိုးသမီးအား ကစားဆပ်ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက အားပေး ကြည့်ရှုခဲ့ကြရာ ပူတာအိုခရိုင်အသင်းက မြစ်ကြီးနားခရိုင်အသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲ သည်။          …

Read Full News

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် ဌာန/အဖွဲ့အစည်းများ၏ ဖြည့်စွက်ရန်ပုံငွေတွင် ငွေလုံးငွေရင်းအသုံးစရိတ်တင်ပြတောင်းခံမှုများအပေါ် ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိထိရောက်ပြီး အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံကိန်းများအဖြစ် ရေးဆွဲတင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ ၁၄           ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် ဌာန/အဖွဲ့အစည်းများ၏ ဖြည့်စွက်ရန်ပုံငွေတွင် ငွေလုံးငွေရင်းအသုံးစရိတ်တင်ပြတောင်း ခံမှုများအပေါ် ပြည်သူလူထုအတွက်တိုက်ရိုက်အကျိုးရှိထိရောက်ပြီး အမှန်တကယ်အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံကိန်းများအဖြစ် ရေးဆွဲတင်ပြနိုင်ရေးအတွက် အောက်တိုဘာ ၁၄ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ထို့သို့ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ပြည်နယ်ဘဏ္ဍာရန်ပုံငွေ တွင်ပါဝင်သည့် ဌာန/ အဖွဲ့အစည်းများမှ တင်ပြတောင်းခံလာသည့် ငွေလုံးငွေရင်းအသုံးစရိတ်များကို စိစစ်ရေးဆွဲတင်ပြရာတွင် ပြည်သူလူထုကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများ၊ ဒေသ လိုအပ်ချက်များကို လတ်တလော ဖြည့်ဆည်းပေးရမည့် လုပ်ငန်းစီမံကိန်းများဖြစ်စေရေးနှင့် အမှန် တကယ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် မဖြစ်မနေလိုအပ်သည့် လုပ်ငန်းများကို နိုင်ငံတော် မှချမှတ်ထားသည့်…

Read Full News

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးခဲ့သည့် အပင်များ ပြုစုပျိုးထောင်ထားမှုကြောင့် ရှင်သန်ကြီးထွားနေမှုအခြေအနေကို လိုက်လံ ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     အောက်တိုဘာ ၁၃           ကချင်ပြည်နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့သည့် ၂၀၂၂ – ၂၀၂၃ ခုနှစ်၊ မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများတွင် မြစ်ကြီးနားမြို့ရှိ နည်းပညာတက္ကသိုလ် နှင့် မြစ်ကြီးနားတက္ကသိုလ်တို့တွင် စိုက်ပျိုးထားခဲ့သည့် အရိပ်ရသစ်ပင်များကို ရှင်သန်အောင်မြင် စေရေး ပြုစုပျိုးထောင်ထား ရှိခဲ့ရာ အောက်တိုဘာ ၁၃ ရက် နံနက် ၁၁ နာရီက သစ်ပင်များရှင်သန် အောင်မြင်ဖြစ်ထွန်းနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။           ထိုသို့ စိုက်ပျိုးထားခဲ့သည့် သစ်ပင်များကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဥက္ကာနှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်နှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တို့တွင် စိုက်ပျိုးထားခဲ့သည့် အရိပ်ရလေကာပင်များ ပြုစုပျိုးထောင် ထားရှိရာ ရှင်သန်ကြီးထွားနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ယင်းနောက်…

Read Full News

ကချင်ပြည်နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ် ကာလအထိ သဘာဝဘေး (၂၂၂) ကြိမ်ဖြစ်ပွားခဲ့ရာ အိမ်ထောင်စုပေါင်း (၁၃၉၀၀)ကျော်အတွက် ထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ခဲ့

မြစ်ကြီးနား     အောက်တိုဘာ ၁၃           ကချင်ပြည်နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ် ကာလအထိ သဘာဝ ဘေး (၂၂၂)ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စုပေါင်း (၁၃၉၀၀)ကျော်တို့အတွက် ထောက်ပံ့မှုများပြုလုပ် ပေးနိုင် ခဲ့ကြောင်း အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲဦးစီးဌာနရုံး၊ ခန်းမ၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထည့်သွင်းပြောကြားသည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်လျှော့ချ ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ UN ၊ INGO အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ပူးပေါင်းပါဝင်မှုနှင့် လူထုတစ်ရပ်လုံးကပါ နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်လာရေး စည်းရုံး ဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား‌ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် လာမည့်ပွင့်လင်းရာသီတွင် အမြန်ဆုံး စီမံဆောင်ရွက်ပေးနိုင်ရေး ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ ၁၂           ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် လာမည့် ပွင့်လင်းရာသီတွင် အမြန်ဆုံးနေရာချထားပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန် သည် အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ခဲ့ကြသော်လည်း လာမည့် ပွင့်လင်းရာသီတွင် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လာမည့် ပွင့်လင်းရာသီတွင် အမြန်ဆုံး ပြန်လည်နေရာချထားပေးနိုင်ရေး၊ ပုံမှန်ရပ်တည် လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နေရာဒေသအလိုက် ဆောင်ရွက်သွားမည့်…

Read Full News