ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း မိုးမောက်မြို့နယ် ကျောက်စခန်းပူးပေါင်းစစ်ဆေးရေးဂိတ် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၊ ခရိုင် အတွင်း သီးထပ်စွမ်းအား စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ
ဗန်းမော် သြဂုတ် ၂၅ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကျောက်စခန်းပူးပေါင်းစစ်ရေးဂိတ် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ခရိုင်အတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးအတွက် သီးထပ် သိးညှပ်များ စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းသည် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သြဂုတ် ၂၄ ရက် က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ နံနက် ၈ နာရီတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးသည် ခရိုင်/ မြို့နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေးအထူးအဖွဲ့ ဝင်များနှင့်အတူ မိုးမောက်မြို့နယ် မိုးမောက်-လွယ်ဂျယ်သွားလမ်းပေါ်ရှိ ကျောက်စခန်းကျေးရွာတွင် ဖွင့်လှစ်ထားသော ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။ ထို့သို့ စစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးသည် ဂိတ်တာဝန်ကျ…