ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ရင်းနှီးမတည်ပေးခဲ့သော လုပ်ငန်းစီမံကိန်းများမှ ပထမ(၆)လပြည့် အတိုးငွေရရှိမှုအပေါ် ကျေးရွာများလုပ်ငန်းစီမံကိန်းများတွင် ထပ်မံရင်းနှီး မတည်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ရင်းနှီးမတည်ပေးခဲ့သော လုပ်ငန်းစီမံကိန်းများမှ ပထမ(၆)လပြည့် အတိုးငွေရရှိမှုအပေါ် ကျေးရွာများလုပ်ငန်းစီမံကိန်းများတွင် ထပ်မံရင်းနှီး မတည်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၂၃

          ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ပြည်နယ်ဖူဆယ်ဘောလုံးဆပ်ကော်မတီ တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဖူဆယ်ဘောလုံးကလပ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ သြဂုတ် ၂၃ ရက် နံနက် ၉ နာရီက ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖူဆယ်ဘောလုံးဝါသနာရှင်များ တက် ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ဒူဒူအသင်းနှင့် ထိန်လင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့် ရှုအားပေးခဲ့ကြရာ ဒူဒူအသင်းက ၁၀ ဂိုး ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

          ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက် ခဲ့သော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုရ ဘောလုံးအားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်သည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက ဒုတိယဆုရ ထိန်လင်းဘောလုံးအသင်းအတွက် တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ ဒူဒူဘောလုံးအသင်းအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဒိုင်းဆုကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ခဲ့သော လုပ်ငန်းစီမံကိန်းများမှ ပြန်လည် ကောက်ခံရရှိသည့် ပထမ (၆)လပြည့် အတိုးကောက်ခံရရှိငွေမှ ပြန်လည်ရင်းနှီးမတည်ပေးနိုင်ရေး အတွက်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ် သည်။

          ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံလုံးကို ထုတ်ချေးပေးထားနိုင်ခဲ့ပြီး ယခုအခါတွင် ပထမ(၆)လပြည့် အတိုး ရငွေများကိုလည်း ကောက်ခံရရှိပြီဖြစ်သောကြောင့် မိမိတို့အနေဖြင့် အတိုးရငွေများမှ လုပ်ငန်း စီမံကိန်းများ ထပ်မံတိုးချဲ့နိုင်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှု တိုးတက်မြန်ဆန်စေ‌ရေး ရငွေများကို ထပ်မံရင်းနှီးမတည်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

          ယင်းနောက် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေက ရန်ပုံငွေကျပ် ၈ ဘီလီယံမှ ရင်းနှီးမတည်ပေးခဲ့သည့်လုပ်ငန်းစီမံကိန်းများ၊ ကာလအလိုက် အတိုးငွေရရှိမှု အခြေအနေများ၊ ထပ်မံရင်းနှီးမတည်ပေးနိုင်ရေး ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ အလေးထားလိုက်နာဆောင်ရွက်ရမည့် အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက စိုက်ပျိုး ရေးလုပ်ငန်း၊ သမဝါယမ၊ ဝက်၊ ကြက်နှင့် ငါးမွေးမြူရေးလုပ်ငန်းစီမံကိန်း (၆)ခုတွင် ထပ်မံရင်းနှီး မတည်ပေးနိုင်ရေး ရန်ပုံငွေခွဲဝေလျာထားမှု အခြေအနေများကို လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြသည်။

          ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းကဏ္ဍအလိုက် ထပ်မံရင်းနှီးပေး နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး ရန်ပုံငွေများ ရင်းနှီးမတည်ပေးရုံသာမက တောင်သူများ အမှန် တကယ်အကျိုးဖြစ်ထွန်းစေရေး လုပ်ငန်းများမှ ရရှိသည့် ထုတ်ကုန်များကို ဈေးကွက်ရရှိရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံကို ပြည်နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာစုစုပေါင်း (၂၀၃)ခုတွင်  စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမ လုပ်ငန်းစီမံကိန်း စုစုပေါင်း (၁၉၁)ခုတို့အတွက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ထုတ်ချေးပေးခဲ့ရာ ၂၀၂၃ ခုနှစ် ဧပြီလတွင် ရန်ပုံငွေအားလုံးထုတ်ချေးပေးနိုင်ခဲ့ပြီး ယနေ့ အစည်းအဝေးတွင် ပထမ(၆)လ ပြည့် ဇူလိုင်လအထိ အတိုးကောက်ခံရရှိငွေစုစုပေါင်း ကျပ် ၂၀၈.၈၀ သန်းမှ လုပ်ငန်းစီမံကိန်း (၆)ခု တွင် ထပ်မံရင်းနှီးမတည်ပေးသွားမည်ဖြစ်ကြောင်းနှင့် နောက်ထပ်ကောက်ခံရရှိသည့် အတိုးငွေများ ကိုလည်း စီမံကိန်းလုပ်ငန်းများ တိုးချဲ့လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။