admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်အတွင်းရှိ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်

မြစ်ကြီးနား     မတ် ၆           ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့်  á€™á€źá€­á€Żá€ˇá€”ယ်မဝဏး အလိုက် ရပ်ကွက်/ ကျေးရွာများတွင် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး လုပ်ငန်းကဏ္ဍအလိုက် ကျေးရွာအဆင့် စီမံကိန်းလုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ မတ် ၆ ရက် နံနက် ၁၀ နာရီခွဲက လုပ်ငန်းစီမံကိန်းများအား ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။            လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မတည်ရင်းနှီးမြှုပ်နှံခဲ့သည့် လုပ်ငန်းစီမံကိန်းများကို ခရိုင်၊ မြို့နယ် များအလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင်ဆောင် ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရသော လုပ်ငန်း များသည် ပြည်သူတစ်ရပ်လုံး လူမှုစီးပွားနှင့်…

Read More

မြစ်ကြီးနားမြို့၌ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပပြုလုပ်

မြစ်ကြီးနား     မတ် ၆           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်း များအား ငွေကြေးခဝါချမှုတိုက်မှုတိုက်ဖျက်ရေး အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို မတ် ၃ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြသည်။           ဆွေးနွေးပွဲတွင် ပြည်နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန် သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအာဏာပိုင်အဖြစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟို အဖွဲ့က တာဝန်ပေးအပ်ခဲ့သဖြင့် ဝန်ထမ်းများအနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပါ ပြဌာန်းချက်များကို လိုက်နာစေရေးနှင့် အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးနိုင်ရေး ကိစ္စရပ်များကို ကြပ်မတ်ဆောင်ရွက်သွားရေး၊ ဆွေးနွေးပို့ချမှုများအပေါ် သေချာစွာလေ့လာမှတ်သား ပြီး မရှင်းလင်းသည်များရှိပါက ပြန်လည်မေးမြန်းကြရန်နှင့်  မြေပြင်မှာ အောင်မြင်အောင် ဆောင်ရွက် ကြရေး တိုက်တွန်းမှာကြားသည်။           ထို့နောက် သင်တန်းတွင် ဦးဆောင်ဆွေးနွေးသွားမည့်…

Read More

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မြစ်ကြီးနား     မတ် ၅           ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် နိုင်ငံတော်က ချီးမြှင့်သည့် သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲ အခမ်းနားကို မတ် ၅ ရက် (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့) နံနက်ပိုင်းက မြစ်ကြီးနားမြို့ အံတော်ရှင် တောင်တန်းသာသနာပြုဗဟို ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ဘွဲ့တံဆိပ်ရ ဆရာတော်/ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။           နေ့ဆွမ်းဆက်ကပ်လှူဒါန်းရာသို့ ပြည်နယ်သံဃနာယကအကျိုးတော်ဆောင်၊ ဓမ္မရက္ခိတဝန်း သိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ ဘွဲ့တံဆိပ်တော်ရ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်…

Read More

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့၌ ဘာသာရေးခေါင်းဆောင်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ လူထုတွေ့ဆုံပွဲများ ကျင်းပပြုလုပ်

မြစ်ကြီးနား     မတ် ၄           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၄ ရက် နံနက် ၈ နာရီခွဲက ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ ကတ်သလစ်အသင်းတော်ရုံး၌ ခရစ်ယာန်ဂိုဏ်းဂဏ ပေါင်းစုံမှ ဘာသာရေးခေါင်ဆောင်များနှင့် တွေ့ဆုံသည်။           ထို့သို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ တိုင်းပြည်တည် ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရေးခေါင်းဆောင်များအားလုံးက ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ပေးကြရန် လိုကြောင်း၊ သို့မှသာ တိုင်းပြည်အေးချမ်းသာ ယာဖွံ့ဖြိုတိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားပြီး ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များနှင့် အပြန်အလှန်မိတ်ဆက်ခဲ့ကြသည်။           ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊…

Read More

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး Jeng Phang နော်တောင် လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီမှ ကြီးမှူးကျင်းပသည့် လာချိဒ်တစ်မျိုးသားလုံး၏ အမွေအနှစ်ဖြစ်သည့် မုဒ်ဦး၊ ရိုးရာအိမ်တော်၊ မနောကွင်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၊ ကျူံးဇွမ်မနောပွဲအကဖြင့် အတူတကွ ပါဝင်ဆင်နွှဲ

မြစ်ကြီးနား     မတ် ၃           လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ကြီးမှူးကျင်းပပြုလုပ်သည့် နိုင်ငံတစ်ဝှမ်းနှင့် ပြည်နယ်အတွင်းရှိ လာချိဒ်တစ်မျိုးသားလုံး၏ ရိုးရာအမွေအနှစ်ဖြစ်သည့် မုဒ်ဦး၊ ရိုးရာအိမ်တော်၊ မနောကွင်းဖွင့်ပွဲ အခမ်းအနားနှင့် ကျုံးဇွမ်မနောအကကို မတ် ၃ ရက် နံနက် ၉ နာရီက ဝိုင်းမော် မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်ကျေးရွာအတွင်းရှိ လာချိဒ်ရိုးရာယဉ်ကျေးမှုကွင်း၌ ကျင်းပပြု လုပ်သည်။           အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီး များတက်ရောက်ခဲ့ကြရာ လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့် လာချိဒ်တိုင်းရင်းသားများက (ရှီးခွမ်မှီ)…

Read More

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန် အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အထေွထွေအုပ်ချုပ်‌ရေးဦးစီးဌာနများမှ အရာထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     မတ် ၂             ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ ဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြင့်မားစေရန် ရည်ရွယ်၍ ပြည်နယ်အမျိုးသမီးကော်မတီမှ ဦးဆောင်ကျင်းပသော အလုပ်ရုံဆေွးနွေး ပွဲကို မတ် ၁ ရက် နံနက် ၈ နာရီက ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ပန်းခင်းခန်းမတွင် ကျင်းပပြုလုပ်သည်။             အလုပ်ရုံဆေွးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ‘နိုင်ငံလူဦးရေ စာရင်းအရ လူဦးရေ ၅၂ % မှာ အမျိုးသမီးများ ဖြစ်သည့်အတွက် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်မှုပြုလုပ် ခြင်းသည် ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ချမှတ်ထားသော မူဝါဒများနှင့် အညီ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်(၆)မြို့နယ်အား ပထမအကြိမ်အဖြစ်  ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများဘဝမြှင့်တင်ပေးခြင်းသည် မိသားစုဘဝကို မြှင့်တင်ပေးခြင်းပင်ဖြစ်သည့်အတွက် ယခုလို အလုပ်ရုံဆွေးနွေးပွဲများကို ဆောင်ရွက်ရန်အထူး လိုအပ်သကဲ့သို့  á€œá€Żá€•á€şâ€Œá€†á€ąá€Źá€„á€şá€›á€™á€Šá€şá€ˇ အပိုင်းများကိုလည်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း(ရေခဲတောင်သွားလမ်း) ဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းစစ်ဆေး၊ ငလျင်ဘေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းနှင့် ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဒေသဧည့်လမ်းပြသင်တန်း တက်ရောက် ဖွင့်လှစ်ပေး

ပူတာအို         ဖေဖော်ဝါရီ ၂၈           မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၈ နာရီ က ပူတာအိုမြို့နယ်အတွင်းရှိ ဖုန်ကန်ရာဇီနှင့် ဖုန်ရင်ရာဇီရေခဲတောင် သွားလမ်းတစ်ခုဖြစ်သည့် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်း(ရေခဲတောင်သွားလမ်း)ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့မှတစ်ဆင့်အထက် ဆန်ဂေါင်-မူလာချောင်းကူးတံတားသွားလမ်းပေါ်ရှိ အမြင့်ပေ (၄၇၇၈)ရှိသည့် ရှိန်းလိန်းချက် တောင်ထိပ် လမ်းစီမံကိန်းရုံး ရှင်းလင်းဆောင်သို့ရောက်ရှိပြီး လမ်းစီမံကိန်းဆိုင်ရာ အချက်အလက် များနှင့်စပ်လျဉ်း၍ လမ်းဦးစီးဌာနမှတာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက်ပြည်ထောင်စုနှင့်…

Read More

မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၈             အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့  á€•á€°á€¸á€•á€ąá€Ťá€„á€şá€¸á  á€€á€á€ťá€„á€şá€•á€źá€Šá€şá€”á€šá€şá€Ąá€…á€­á€Żá€¸á€›á€Ąá€–á€˝á€˛á€ˇáŒ ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး အဖွဲ့ (Corruption Prevention Unit – CPU) အား အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး ဆိုင်ရာ နည်းပညာသင်တန်းကို ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၀၉:၃၀ နာရီချိန်တွင် ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခအစည်းအဝေးခန်းမ၌  ပို့ချခဲ့သည်။           ရေှးဦးစွာ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းသည် ကော်မရှင်တစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရဘဲ ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုထိရောက် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု အခွင့်အလမ်းများကို တားဆီးရန် ဌာန၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေ့လာဆန်းစစ်၍ အားနည်းချက်များရှိပါက ဖော်ထုတ် ပြုပြင်…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်၍ မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်

မြစ်ကြီးနား        ဖေဖော်ဝါရီ ၂၇ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၇ရက်နေ့  á€”လနက် ၀၉:၃၀ က မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုသည် နယ်ပယ် အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှု ကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေနိုင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရာတွင် အရေးပါသည့် ပေါင်းကူးတံတားသဖွယ်ဖြစ်သည့်အတွက် အများပြည်သူဆိုင်ရာ ဝန်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဖြင့်မျှတစွာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သန့်ရှင်းသည့်အစိုးရ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်အတွင်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိလ်/အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်အပ်နှင်း၊ မချမ်းဘောမြို့နယ်အတွင်း နိုင်ငံ့စိးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပူတာအို         ဖေဖော်ဝါရီ ၂၆           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပူတာအိုခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးအတွက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအတွက် ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ ဆုပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်အပ်နှင်းခဲ့ကြပြီး မချမ်းဘောမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ နံနက် ၈ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့၊ ပန်းလှိုင်ရပ်ကွက်၊ ပန်းလှိုင်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ မဟာမြတ်မုနိကြေး သွန်းဘုရားကြီးအား သွားရောက် ဖူးမျှော်ကြည်ညိုပြီး ဘုရားဂန္ဓကုဋီကျောင်းတိုက်နှင့် ဘက်စုံပြုပြင်…

Read More