ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ် မြစ်ကြီးနားဇုန်အဆင့် တက္ကသိုလ်များ (အမျိုး သား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနှင့်ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်
မြစ်ကြီးနား အောက်တိုဘာ ၆ ပညာရေးဝန်ကြီးဌာန၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြစ်ကြီးနားဇုန်အဆင့် တက္ကသိုလ်များ(အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၅ ရက် ညနေ ၃ နာရီက မြစ်ကြီးနားတက္ကသိုလ် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရာတွင် ဗလငါးတန်နှင့် ပြည့်စုံစေရန် လေ့ကျင့်ပျိုး ထောင်ပေးလျက်ရှိပါကြောင်း၊ ပညာဝန်ကြီးဌာနအနေဖြင့်လည်း တက္ကသိုလ်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲကို ယခုလအတွင်း ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည့်အတွက် ယနေ့ ကချင်ပြည်နယ်ကိုယ်စားပြု မြစ်ကြီးနားဇုန် (အမျိုးသား) ဘောလုံးအသင်း လက်ရွေးစင်ကစားသမားများ ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြိုင်ပွဲဝင်များအနေဖြင့် လက်ရွေးစင်အဖြစ်…