
ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဝိုင်းမော်မြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာ ဧက ၆၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး ခတ်ချိုကျေးရွာရှိတောင်သူများနှင့် စိုက်ပျိုးရေးအသိပညာပေးဆွေးနွေး
မြစ်ကြီးနား သြဂုတ် ၁၂ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း မိုးစပါးအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ဝိုင်းမော် မြို့နယ်အတွင်း ဆောင်းသီးထပ်သီးနှံအဖြစ် ဆီးထွက်သီးနှံ နေကြာဧက ၆၀၀ ကျော်တိုးချဲ့ စိုက်ပျိုး နိုင်ရေးအတွက် သြဂုတ် ၁၁ ရက် ညနေ ၃ နာရီက ခတ်ချိုကျေးရွာအုပ်စုအတွင်းရှိ တောင်သူများနှင့် ခတ်ချိုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။ တောင်သူများအား အသိပညာပေးဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက ခတ်ချိုဒေသသည် ရေခံမြေခံကောင်းမွန်ပြီး ဒေသစပါးထွက်ရှိမှု အားကောင်းပါကြောင်း၊ ယနေ့ တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရိတ်သိမ်း ပြီးချိန်တွင် တောင်သူများ ဝင်ငွေတိုးပွားရေးအတွက် ဆောင်းသီးထပ်သီးနှံအဖြစ် ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး တိုက်တွန်းလိုပါကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးရေးသွင်းအားစု…