ကချင်ပြည်နယ်ဝန်ကြီးချုပ် နန့်ခမ်း၊ မလိခ၊ ပြည်ထောင်၊ နန်းကွေ့ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
မြစ်ကြီးနား နိုဝင်ဘာ ၃ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့နယ်အတွင်းရှိ နန့်ခမ်း၊ မလိခ၊ ပြည်ထောင်၊ နန်းကွေ့ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်သည် နန့်ကွေ့ကျေးရွာအုပ်စု၊ နန့်ခမ်းကျေးရွာ၌ ရွာတွင်းဝင်ရောက်သည့် အဓိကလမ်းမကြီး ခင်းကျင်းဆောင်ရွက်ပေးနိုင်ရေး၊ လျှပ်စစ်မီးသွယ်တန်းပေးနိုင်ရေးအတွက် ကျေးရွာ တာဝန်ရှိသူများ၊ရပ်မိ/ရပ်ဖများနှင့်တွေ့ဆုံပြီး ဌာနဆိုင်ရာများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထိုမှတစ်ဆင့် မလိခကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိ/ ရပ်ဖများနှင့်တွေ့ဆုံပြီး ကျေးရွာအခြေခံပညာကျောင်းတိုးချဲ့စာသင်ဆောင်သစ်ရရှိရေး၊ အားကစားကွင်း ရရှိရေး၊ သုဿန်သွားလမ်းခင်းကျင်းပေးနိုင်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းပေးနိုင်ရေးနှင့် ကျေးရွာအုပ်စု ပြောင်းလဲသတ်မှတ်ရေးတို့နှင့် ပတ်သက်၍ တင်ပြတောင်းဆိုမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည် နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ပါကြောင်းနှင့် ချက်ချင်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဖြည့်ဆည်းဆောင်ရွက်ပေး […]ဆက်လက်ဖတ်ရှူရန်