ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ တန်ဆောင်မုန်း လပြည့် (သာမညဖလအခါတော်နေ့)တွင် တန်ဆောင်တိုင်ပွဲတော်အား ဖွင့်လှစ်ပေးပြီး ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးနှင့်အတူ ဆီမီး (၂၀၀၀၀)ထွန်းညှိ၍ ရေမျှောပူဇော်ခြင်း၊ တိုင်းရင်းသားရိုးရာအကပဒေသာဖျော်ဖြေပွဲများကျင်းပ ခြင်းနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တန်ဆောင်တိုင် စတုဒီသာဈေးပွဲတော်များအား တက်ရောက်
မြစ်ကြီးနား နိုဝင်ဘာ ၅ ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာရိုးရာအစဉ်အလာနှင့်အညီ ၂၀၂၅ ခုနှစ်၊ တန်ဆောင်တိုင်ပွဲတော်ကို ဆီမီးထွန်းညှိပူဇော်ခြင်း၊ ဧရာဝတီမြစ်အတွင်း ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးနှင့်အတူ ဆီမီး (၂၀၀၀၀)ထွန်းညှိ၍ ရေမျှောပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းနှင့် တိုင်းရင်းသားရိုးရာ အကပဒေသာဖျော်ဖြေပွဲများဖြင့် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ညနေ ၆ နာရီက မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ တန်ဆောင်တိုင်ပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်မုဒ်ဦး၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က…