ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ထွေ/အုပ်ဝန်ထမ်းများအား ရင်ထိုးတံဆိပ်တပ်ဆင်အပ်နှင်းခြင်း၊ လက်ရှိနိုင်ငံရေးအခြေအနေကို လမ်းညွှန်ချပြရှင်းလင်းခြင်းနှင့် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဇွန် ၂၂           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများအား ရင်ထိုးတံဆိပ်တပ်ဆင်အပ်နှင်းခြင်း၊ လက်ရှိနိုင်ငံရေးအခြေအနေကို လမ်း ညွှန်ချပြရှင်းလင်းခြင်းနှင့် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံး ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/အမှုထမ်းများအားလမ်းညွှန်အမှာစကားပြောကြားပြီး အရာထမ်း အမှုထမ်းများအတွက် ရင်ထိုးတံဆပ်အသစ်များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက အသီးသီးတပ်ဆင်အပ်နှင်းပေးခဲ့ကြသည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မူးယစ်ဆေးစွဲသူများအတွက်ဂရုဏာလက်လူငယ် ပြုစုပျိုးထောင်ရေးသင်တန်းကျောင်း ခန်းမဆောင်နှင့် ကျောင်းဆောင်သစ်အပ်နှင်းခြင်း ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဇွန် ၁၉           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့၊ နန်ကျင်ကျေးရွာရှိ မူးယစ် ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်းအဖွဲ့တစ်ခုဖြစ်သည့် ဂရုဏာလက်လူငယ်ပြုစုပျိုး ထောင်ရေးသင်တန်းကျောင်းအတွင်း ရီဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသည့် ခန်းမဆောင်နှင့် ကျောင်းဆောင်သစ်အပ်နှင်းခြင်း ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲသို့ ဇွန် ၁၉ ရက် နံနက် (၁၀)နာရီ တွင် တက်ရောက်အားပေးခဲ့သည်။           ဂရုဏာလက်လူငယ်ပြုစုပျိုးထောင်ရေးအသင်းအဖွဲ့သည် ပြည်နယ်အတွင်းရှိ မူးယစ်ဆေးစွဲ လူငယ်/လူရွယ်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ နှစ်သိမ့်ခွန်အားပေးခြင်း၊ ဘာသာရေး အရ သွန်သင်ဆုံးမပေးခြင်းဖြင့် မူးယစ်ဆေးဖြတ်ပေးခြင်းအပြင် ပြန်လည်ထူထောင်ရေးအတွက် သက်မွေးပညာများကို လေ့ကျင့်သင်ကြားပေးခြင်း လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိရာ အသင်းအဖွဲ့ ၏ သင်တန်းကျောင်းအတွင်း လိုအပ်လျက်ရှိသည့် ရီဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းထား သော ခန်းမဆောင်နှင့် ကျောင်းဆောင်သစ်တို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦခက် ထိန်နန်၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပူတာအိုခရိုင်အတွင်းရှိ ထုံးကျောက်တောင်များ အား ကွင်းဆင်းလေ့လာကြမည့် ဘူမိဗေဒပညာရှင်အဖွဲ့ဝင်များအား အုပ်ချုပ်/ထောက်ပံ့ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ပေး

မြစ်ကြီးနား     ဇွန် ၁၈           ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ထုံးကျောက်များ ထွက်ရှိနိုင်မည့် ထုံးကျောက် တောင်များအား ကွင်းဆင်းလေ့လာရေးဆောင်ရွက်ကြမည့် ဘူမိဗေဒအဖွဲ့များ၏ ခရီးစဉ်အတွက် အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန် က ကချင်ပြည်နယ်သည် မြေပေါ်မြေအောက်သယံဇာတပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်ပါ ကြောင်း၊ ယနေ့ ပူတာအိုခရိုင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခွင့်အလမ်းရရှိလာနိုင်သည့် ထုံးကျောက်တောင်များကို ကွင်းဆင်းလေ့လာသွားရေးသွားရောက်ကြမည့် ဘူမိဗေဒပညာရှင်များ အနေဖြင့် ခရီးစဉ်လုပ်ငန်း‌အောင်မြင်စေရန်အတွက်လိုအပ်သည့်အုပ်ချုပ်/ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်‌ရေး ပွင့်လင်းရင်းနှီးစွာတင်ပြကြစေလိုကြောင်း မှာကြားသည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ပြည်နယ်အတွင်း ဟိုပင်မြို့နှင့် နမ္မတီးမြို့တို့တွင် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီလီမိတက်နှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား      ဇွန် ၁၇             ဟိုပင်မြို့ရှိ ဂလိုင်ချောင်ရေအားလျှပ်စစ်စက်ရုံနှင့် နမ္မတီးမြို့ရှိ နမ့်ခမ်းခရေအားလျှပ်စစ်စက်ရုံတို့မှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီနှင့် ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီတာဝန်ရှိသူများက ဇွန် ၁၇ ရက် နံနက် ၁၀ နာရီ တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။       &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုဘဏ္ဍာနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများတွင် ပါဝင်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဘတ်ဂျက်ဆိုင်ရာလုပ်ငန်းညှိနှိုင်းစည်းဝေးနှင့် ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား      ဇွန် ၁၇             ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက ပြည်ထောင်စုဘဏ္ဍာနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများတွင် ပါဝင်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဘတ်ဂျက်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားများကို ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။       &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုရအသင်းများနှင့် ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုရအသင်းများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား      ဇွန် ၁၆             ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်နယ်၏ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ဇွန် ၁၆ ရက် မွန်းလွဲပိုင်း တွင် ပြည်နယ်အားကစားကွင်း၌ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရအသင်းများနှင့် ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုရအသင်းများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။       &Read More

ဒေသဆိုင်ရာ အချက်အလက်များ နောက်ဆုံးရသတင်းများ

ပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုတွင် ဒုတိယဆုရ ဝိုင်းမော်မြို့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ရွှေစက်ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့မှ ထိန်းသိမ်းထားသော မြေနေရာမူလပိုင်ရှင်များထံလွှဲပြောင်းပေးအပ်ပွဲကျင်းပ

မြစ်ကြီးနား     ဇွန် ၁၅           ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှ ဒုတိယဆုရရှိခဲ့ သဖြင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့မှ ထိန်းသိမ်းထားသော မြေနေရာအား မူလပိုင်ရှင်ဖြစ် သည့် ကရိန်နော်မိသားစုထံ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၁၅ ရက် မွန်းလွဲ (၁)နာရီခွဲ တွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။           အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် အာဆီယံမှပေးအပ်သော ပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက် မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုကို မိမိတို့ ကချင်ပြည်နယ်မှ ဝိုင်းမော်မြို့က ဒုတိယဆုရရှိခဲ့ သည့်အတွက် ဝိုင်းမော်မြို့နယ်အား ဦးဆောင်ကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အဓိက [&Read More

ကချင်ပြည်နယ် ဒေသဆိုင်ရာ အချက်အလက်များ နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဇွန် ၁၅           ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည် ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန် ၁၅ ရက် မွန်းလွဲ ၃ နာရီ တွင် ပြည်နယ်အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စီမံအုပ် ချူပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်အားပေးခဲ့ကြသည်။           ဖွင့်ပွဲအခမ်းနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်းကစားသမားများအား မိမိတို့ စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်နယ်အတွင်း ရှိ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်စေရေး၊ အားကစားကို စိတ်ပါဝင်စားလာစေပြီး မူးယစ်နွံမှ လွတ်မြောက်စေ‌ရေး၊ အားကစားလောကမှတဆင့် ဘဝအတွက် ကောင်းမွန်သော စိတ်ဓာတ်နှင့် အတွေးအခေါ်များရယူကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ပါဝင်လာကြမည့် လူငယ်လူရွယ်များ မွေးထုတ်ပေးနိုင်ရေး အားကစားကဏ္ဍကို အထူးအလေးထား အားပေးလျက် ရှိကြောင်း တိုက်တွန်းပြောကြားပြီး ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ပြိုင်ပွဲတွင် [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းဒေသကြီး/ပြည်နယ်အသက်၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် U-21 ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     ဇွန် ၁၄           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇွန် ၂၄ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ပေးအပ်ခဲ့သည်။           အောင်နိုင်ရေးအလံပေးအပ်ပွဲတွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေး မှူးဦးအောင်သူက ပြည်နယ်လက်ရွေးစင်Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များအားတွေ့ဆုံပြီး ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက်ု ကြည့်ရှုအားပေး

မြစ်ကြီးနား၊ ဇွန် ၁၄           ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များအား ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များ လွယ်ကူလျင်မြန် အဆင်ပြေချောမွေ့စေရေး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ခွင့်ပြုပြီးလုပ်ငန်းများကိုလည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ် ဆောင်ရွက်ရေး၊ နိုင်ငံသားကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အကူပြုစေမည့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တစ်ရပ်ဖြစ်ပေါ်လာစေရေးကိစ္စများကို ဆွေးနွေးပြောကြားပါသည်။           ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ/ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဉီးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် […]Read More