ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းဒေသကြီး/ပြည်နယ်အသက်၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် U-21 ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းဒေသကြီး/ပြည်နယ်အသက်၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် U-21 ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     ဇွန် ၁၄

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇွန် ၂၄ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ပေးအပ်ခဲ့သည်။

          အောင်နိုင်ရေးအလံပေးအပ်ပွဲတွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေး မှူးဦးအောင်သူက ပြည်နယ်လက်ရွေးစင်U-21ဘောလုံးအသင်းဝင်ရောက်ယှဉ်ပြိုင်သွားမည့်အစီအမံများ နှင့် ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် လက်ရွေးစင်အားကစားသမားများမွေးထုတ်ပေး နိုင် ရေး ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး လက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူ၊ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးကိုက U-21 ဘောလုံးအသင်းအောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် လက်ရွေးစင် အားကစားသမားများအား ယခုပြိုင်ပွဲသည် ကချင်ပြည်နယ်အတွက်အားကစားလူချွန်လူကောင်းများဖြစ် ကြောင်းကို ပြသနိုင်သည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သကဲ့သို့ ရရှိသည့်အခွင့် အလမ်းကို အမိအရဆုပ်ကိုင် ပြီး ပြည်နယ်၏ ဂုဏ်ကိုမြင့်တင်သွားနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ ထို့အပြင် ယခုပြိုင်ပွဲသည် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မှုကာလတွင် ပထမဦးဆုံး ပြည်နယ်ကိုယ်စားပြုစေလွှတ် သည့် ပြိုင်ပွဲဖြစ်သည့်အတွက် ကြံ့ခိုင်သည့် စိတ်ဓာတ်၊ မလျော့သော ဇွဲလုံ့လဖြင့် ရင်ဆိုင်ယှဉ်ပြိုင်ကြပြီး အောင်မြင်မှုရရှိအောင် စွမ်းဆောင်ခဲ့ကြစေလိုကြောင်းနှင့် မိမိတို့ အနေဖြင့်လည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် ပြည်နယ်အတွင်းရှိ အလှူ ရှင်များမှ အားကစားဝတ်စုံများအပါအဝင် ငွေကျပ်သိန်း (၃၀)ကျော်ကို အသီးသီးထောက်ပံ့ ပေးအပ်ကြ ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက လက်ရွေးစင် အသင်းကိုယ်စားလက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ကြကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ရွေးစင်ဘောလုံးအသင်းအတွက် အောင်နိုင်ရေးအလံကို ပေးအပ်ခဲ့သည်။