ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်အားပေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဇွန် ၁၅

          ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည် ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန် ၁၅ ရက် မွန်းလွဲ ၃ နာရီ တွင် ပြည်နယ်အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စီမံအုပ် ချူပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်အားပေးခဲ့ကြသည်။

          ဖွင့်ပွဲအခမ်းနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်းကစားသမားများအား မိမိတို့ စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်နယ်အတွင်း ရှိ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်စေရေး၊ အားကစားကို စိတ်ပါဝင်စားလာစေပြီး မူးယစ်နွံမှ လွတ်မြောက်စေ‌ရေး၊ အားကစားလောကမှတဆင့် ဘဝအတွက် ကောင်းမွန်သော စိတ်ဓာတ်နှင့် အတွေးအခေါ်များရယူကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ပါဝင်လာကြမည့် လူငယ်လူရွယ်များ မွေးထုတ်ပေးနိုင်ရေး အားကစားကဏ္ဍကို အထူးအလေးထား အားပေးလျက် ရှိကြောင်း တိုက်တွန်းပြောကြားပြီး ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ပြိုင်ပွဲတွင် ပါဝင်ယှဉ် ပြိုင်ကြမည့် ပိုက်ကျော်ခြင်းအသင်း(၇)သင်းမှ ကစားသမားများအား လိုက်လံနှုတ်ဆက်အားပေး ကြကာ ပိုက်ကျော်ခြင်းလုံးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင် များနှင့် ၎င်းတို့၏ ဇနီးများက ဖွင့်ပွဲအထိမ်းအမှတ် Body Fitness Dance ဖျော်ဖြေမှုနှင့် ကချင် ပြည်နယ်မှ ရွှေ၊ ငွေနှင့် ကြေးတံဆိပ်ဆုရ လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့များမှ ယှဉ်ပြိုင်ကစား ပြသခဲ့မှုကို ကြည့်ရှုအားပေးကာ ပိုက်ကျော်ခြင်းပြိုင်ပွဲအတွက် ပံ့ပိုးထောက်ပံ့ငွေကျပ် (၆)သိန်း နှင့် သရုပ်ပြအဖွဲ့များအတွက် ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲပထမပွဲ စဉ်ဖြစ်သည့် ဧရာကလပ် (A)အသင်းနှင့် ထွေ/အုပ်ကလပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။           ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများက ပြည်နယ်အားကစားကွင်းအတွင်း ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်အသင်းများနှင့် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ကရာတေး ဒိုသင်တန်းနည်းပြနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့ကြပြီး အမျိုးသမီး ဘောလုံးအသင်းသားများအတွက် ကြက်ဥနှင့် စားသောက်ဖွယ်ရာများ၊ ကရာတေးသင်တန်း သားများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။