ပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုတွင် ဒုတိယဆုရ ဝိုင်းမော်မြို့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ရွှေစက်ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့မှ ထိန်းသိမ်းထားသော မြေနေရာမူလပိုင်ရှင်များထံလွှဲပြောင်းပေးအပ်ပွဲကျင်းပ

 ပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုတွင် ဒုတိယဆုရ ဝိုင်းမော်မြို့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ရွှေစက်ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့မှ ထိန်းသိမ်းထားသော မြေနေရာမူလပိုင်ရှင်များထံလွှဲပြောင်းပေးအပ်ပွဲကျင်းပ

မြစ်ကြီးနား     ဇွန် ၁၅

          ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှ ဒုတိယဆုရရှိခဲ့ သဖြင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့မှ ထိန်းသိမ်းထားသော မြေနေရာအား မူလပိုင်ရှင်ဖြစ် သည့် ကရိန်နော်မိသားစုထံ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၁၅ ရက် မွန်းလွဲ (၁)နာရီခွဲ တွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

          အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် အာဆီယံမှပေးအပ်သော ပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက် မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုကို မိမိတို့ ကချင်ပြည်နယ်မှ ဝိုင်းမော်မြို့က ဒုတိယဆုရရှိခဲ့ သည့်အတွက် ဝိုင်းမော်မြို့နယ်အား ဦးဆောင်ကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အဓိက အဖွဲ့အစည်းဖြစ်သည့်စည်ပင်သာယာရေးအဖွဲ့အား ကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ဆက်လက်ပြီး ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဆထက်တိုး၍ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် ထို့အပြင် ယနေ့ အခမ်းအနားတွင် ကချင်ပြည်နယ်အတွင်း သမိုင်းကြောင်းအစဉ်အလာကြီးမား သည့် ဒူဝါကရိန်နော်ပိုင်ဆိုင်သည့် ကရိန်နော်ပန်းခြံမြေနေရာ(၁.၀၅)ဧကကို  မူလပိုင်ရှင်ဖြစ်သည့် ဒူဝါကရိန်နော်မိသားစုထံ ပြန်လည်လွှဲပြောင်းပေးအပ်ရသည့်အတွက် ဝမ်းမြောက်မိကြောင်း ပြော ကြားသည်။

          ယင်းနောက် စည်ပင်သာယာရေးဝန်ကြီးဌာန တာဝန်ယူကြီးကြပ်ဆောင်ရွက်လျက်ရှိသော ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးတိန့်ဆောင်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ မြို့ပြဒေသဖွံ့ဖြိုးတိုးတက်ရေး စည်ပင်သာယာရေးအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသောလုပ် ငန်းများနှင့် ကရိန်နော်ပန်းခြံနေရာကို မူလပိုင်ရှင်များထံ လွှဲပြောင်းပေးအပ်နိုင်ရေးဆောင်ရွက်ခဲ့ မှုများကို ရှင်းလင်းပြောကြားပြီး ပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆု တွင် ဝိုင်းမော်မြို့နယ်မှ ဒုတိယရရှိရန် ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုအား ဖွင့်လှစ်ပြသသည်။

          ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အခမ်းအနားတွင် ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုတွင် ဒုတိယဆုရရှိခဲ့သော ဝိုင်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်မောင် ထွေးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ် ကောင်စီအဖွဲ့ဝင် ဦးတိန့်ဆောင်က မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ ဒူဝါကရိန်နော်ပိုင်ဆိုင် သော ကရိန်နော်ပန်းခြံနေရာရှိ (၁.၀၅)ဧကအား ဒူဝါကရိန်နော်၏ မိသားစုဝင် ဒေါ်ကရိန်နန်ဘူထံ ပြန်လည်လွှဲပြောင်းပေးအပ်ရာဒေါ်ကရိန်နန်ဘူကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          ယနေ့ အခမ်းအနားတွင် ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့သည့် ဝိုင်းမော်မြို့နယ်သည် ပတ်ဝန်း ကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုအတွက် အာဆီယံနိုင်ငံများရှိ မြို့ကြီးများ တွင် စိမ်းလန်းသန့်ရှင်း၍နှစ်လိုဖွယ်ကောင်းသောမြို့ကြီးများအဖြစ် ပတ်ဝန်းကျင်ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် ၂၀၀၈ ခုနှစ်မှ စ၍ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့ သော မြို့ကြီးများလုပ်ငန်းအဖွဲ့မှ သုံးနှစ်လျှင် တစ်ကြိမ်ပေးအပ်သည့် ဆုဖြစ်ပြီး ၂၀၂၁ ခုနှစ် အတွက် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စည်ပင်သာယာ‌ရေးအဖွဲ့များမှ စိစစ်ရွေးချယ်ပြီးသော မြို့နယ် (၁၁)မြို့အနက် အရည်အချင်းများနှင့် ကိုက်ညီသည့် မြို့နယ်(၃) ခု အား စိစစ်ရွေးချယ်ခဲ့ရာမှ ဝိုင်းမော်မြို့သည် ဒုတိယဆုရရှိခဲ့ခြင်းဖြစ်ကြောင်း စည်ပင်သာယာရေး အဖွဲ့ထံမှ သိရှိရသည်။