ကချင်ပြည်နယ်အစိုးရအဖွဲ့က တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက် ဆုဖလားများ ရရှိခဲ့သော အောင်ပွဲရ ကချင်ပြည်နယ်ဂျူဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား သြဂုတ် ၂၂ ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲတွင် စုစုပေါင်း ရွှေတံဆိပ် (၁၁)ခု၊ ငွေတံဆိပ် (၇)ခုနှင့် ကြေးတံဆိပ် (၂)ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်း တံခွန်စိုက်ဆုဖလားများအပြင် အမျိုးသမီး/ အမျိုးသား အကောင်းဆုံးဆုများကိုပါ ရယူခဲ့ကြသော အောင်ပွဲရ ကချင်ပြည်နယ်ဂျူဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၁ ရက် ညနေ ၅ နာရီခွဲက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အနေဖြင့် မရသေး သည့် အောင်မြင်မှုများကို ရရှိအောင်ကြိုးစားခြင်းထက် ရပြီးသားအောင်မြင်မှုများကို ထိန်းသိမ်းရခြင်း သည် ပိုမိုခက်ခဲ့သဖြင့် စံချိန်တင်ဆုတံဆိပ်များရယူ ဂုဏ်ဆောင်ထားသည့် ပြည်နယ်ဂျူဒိုအသင်းနှင့် အားကစားနည်းအလိုက် ဆပ်ကော်မတီများအနေဖြင့်လည်း […]Read More