ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)အား တက္ကသိုလ်တစ်ခု၏ ဂုဏ်အင်္ဂါရပ်နှင့်လျော်ညီသော ကျောင်းမြေနေရာသစ်ရှာဖွေပြောင်းရွှေ့နိုင်ရေး လျာထားမြေနေရာကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇွန် ၅ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၅ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့နယ်အတွင်း ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)အတွက် တက္ကသိုလ်တစ်ခု၏ ဂုဏ်အင်္ဂါရပ်နှင့် လျော်ညီသော ကျောင်းမြေနေရာသစ် ရှာဖွေပြောင်းရွှေ့နိုင်ရေး လျာထားမြေနေရာနှင့် မြို့တွင်းလမ်း တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ လက်ရှိ ဖွင့်လှစ်လျက်ရှိသော ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ မြေနေရာသည် အစိုးရ နည်းပညာအထက်တန်းကျောင်း(မြစ်ကြီးနား)နှင့် နှစ်ကျောင်းပေါင်း၍ (၅.၈၂၆)ဧကမြေနေရာ၌ ခွဲဝေ အသုံးပြုလျက်ရှိရာ ဝန်ထမ်းအိမ်ရာ၊ ကျောင်းသား/ကျောင်းသူအိပ်ဆောင်များနှင့် အခြားလိုအပ်သော အဆောက်အအုံများဆောက်လုပ်ရန် မြေနေရာအခက်အခက်ရှိသည့်အတွက် တက္ကသိုလ်တစ်ခု၏ ဂုဏ် အင်္ဂါရပ်နှင့်လျော်ညီသော မြေနေရာသစ် ရှာဖွေပြောင်းရွေ့နိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် လျာထားမြေနေရာတစ်ခုဖြစ်သည့် ပမ္မတီး – ပြည်ထောင်သွားလမ်းဘေးရှိ စိုက်ပျိုးရေးခြံများရှိရာ…