ကချင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီနှင့် ဆပ်ကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 ကချင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီနှင့် ဆပ်ကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား     ဇွန် ၄

          ကချင်ပြည်နယ်အတွင်း ကလေးအလုပ်သမားပပျောက်ရေး၊ ပြန်လည်ကုစားရေးလုပ်ငန်းအစီ အစဉ်များနှင့် ပတ်သက်၍ ပြည်နယ်ကလေးအလုပ်သမားပ‌ပျောက်ရေးကော်မတီနှင့် ဆပ်ကော်မတီ ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမှာ စကားပြောကြားသည်။

          ကချင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီ နာယက၊ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌဦးခက်ထိန်နန်က ကလေးအလုပ်သမားပပျောက်ရေးသည် အနာဂတ်ကလေးငယ် များ၏ အရေးဖြစ်သည့်အတွက် အရေးကြီးပါကြောင်း၊ ယနေ့ ဆပ်ကော်မတီအသီးသီးအနေဖြင့် ကလေးများ၏ အနာဂတ်အရေးနှင့် စပ်လျဉ်းသည့် ကလေးအလုပ်သမားပ‌ပျောက်ရေးကို မိမိတို့ တာဝန်ယူဆောင်ရွက်သွားမည့် စီမံချက်လုပ်ငန်းများအပေါ် ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဦးမျိုးဆွေက ကော် မတီဖွဲ့စည်းထားရှိမှု၊ ဆပ်ကော်မတီဝင်များနှင့် လုပ်ငန်းတာဝန်များနှင့် ယခင်လုပ်ငန်းဆောင်ရွက်နိုင် ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်က ဘဏ္ဍာငွေရရှိရေး အတွက် စီမံချက်ပါ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဘတ်ဂျတ်တင်ပြတောင်းခံမှုအပေါ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေမှ ခွဲဝေဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။

          ထို့နောက် ဆပ်ကော်မတီအသီးသီးမှအတွင်းရေးမှူးများက လုပ်ငန်းတာဝန်များနှင့်ပတ်သက် ၍ စီမံချက်ရေးဆွဲဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အသိပညာပေးရေး၊ စွမ်းဆောင်ရည်မြှင့်တင် ရေး၊ ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းပညာရပ်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး ရေးနှင့် စောင့်ကြည့်အကဲဖြတ်စိစစ်ရေး၊ အဆိုးရွားဆုံးပုံစံဖြင့်စေခိုင်းခံရသောကလေးအလုပ်သမား များဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများ၊ ဥပဒေရေးရာကိစ္စရပ်များကို အသီးသီးတင်ပြ ဆွေးနွေးကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကလေးအလုပ်သ မားပပျောက်ရေးနှင့်ပတ်သက်၍ ဆပ်ကော်မတီအစည်းအဝေးများ ပုံမှန်‌ဆောင်ရွက်သွားရေး၊ ရန်ပုံ ငွေလျာထားမှုတွင် စီမံချက်ပါလုပ်ငန်းများအလိုက် အမှန်တကယ်ဆောင်ရွက်ရမည့် လုပ်ငန်းများ အပေါ် စိစစ်သုံးစွဲသွားနိုင်ရေးနှင့် ကလေးငယ်များအတွက် ထိရောက်ဆုံးနှင့် အကျိုးရှိစွာ ဆောင်ရွက် သွားနိုင်ရေးတို့ကို ဆပ်ကော်မတီဝင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။