ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိုးညှင်းခရိုင်အတွင်းရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိုးညှင်းခရိုင်အတွင်းရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်

မိုးညှင်း          ဇွန် ၄

          ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များနှင့် စပ်လျဉ်း၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်နှင့် ပြည် နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်တူ ဇွန် ၃ ရက် နံနက်ပိုင်းတွင် မိုးညှင်းမြို့သို့ သွားရောက် ကြသည်။

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မိုးညှင်းမြို့၊ ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မိတ်ဆက်တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံရေးပြောင်းလဲမှုအခြေအနေများတွင် ဖွဲ့စည်းပုံအခြေ ခံဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သည့် အခြေအနေမှန်များ၊ နိုင်ငံတော်အနေဖြင့် ဦးတည်ချက် (၉)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်ပြီး ဆောင်ရွက်နေမှုအခြေအနေများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားကာ နိုင်ငံဝန်ထမ်းများအနေဖြင့် လက်ရှိကာလဖြစ်ပျက်မှုများအပေါ် စိတ်ခံစားမှုကို ဦးစား မပေးဘဲ မိမိတို့နိုင်ငံ၊ မိမိတို့အနာဂတ်အတွက် စဉ်းစား၍ လုပ်ငန်းတာဝန်များအပေါ် တာဝန်ကျေပွန် စွာဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့ပြည်နယ်အေးချမ်းတည်ငြိမ်ပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးကို အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုကြောင်းနှင့် အလားတူ မိမိ တို့တာဝန်ကျရာဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်းဒေသခံအဖွဲ့အစည်းများနှင့်စည်းရုံးဆောင်ရွက် သွားရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

          ထို့နောက် မိုးညှင်းခရိုင် ဧည့်ရိပ်သာခန်းမ၌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မိုးညှင်းမြို့နယ်အတွင်းရှိ နမ္မတူနေရပ်စွန့်ခွာစခန်းနှင့် အောင်သပြေနေရပ်စွန့်ခွာစခန်း တာဝန်ရှိသူ များနှင့်တွေ့ဆုံပြီး နေရပ်စွန့်ခွာစခန်းများနေအိမ်ထောင်စုများအတွက် စခန်းတစ်ခုလျှင် ထောက်ပံ့ ငွေကျပ်(၁၅)သိန်းစီဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်သိန်း (၃၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် မိုးညှင်းခရိုင်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များ၊ ပညာရေးဌာနနှင့် ကျန်းမာ ရေးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံမှာကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက ထောက်ပံ့ငွေများကို ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေကျပ်သိန်း (၅၀)၊ မိုးညှင်းတက္ကသိုလ်အတွက် ထောက်ပံ့ငွေကျပ်သိန်း(၃၀)၊ မိုးညှင်းနည်းပညာကောလိပ်အတွက် ထောက်ပံ့ငွေကျပ်သိန်း(၂၀)၊ပြည်သူ့ဆေးရုံကြီးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၁၇၄၀၀၀၀) နှင့် ခရိုင်၊ မြို့နယ်ပညာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၁၀)ကို ထောက်ပံ့ပေးအပ်ခဲ့ ကြပြီး တက္ကသိုလ်အတွက် လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          အလားတူ မိုးညှင်းခရိုင်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင် ရွက်နိုင်ရေးအတွက် တပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအား တွေ့ဆုံမှာကြားပြီး ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မိုးညှင်းမြို့ ပြည်သူ့ ဆေးရုံ၌ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကျန်းမာ ရေးဝန်ထမ်းများအနေဖြင့် ပြည်သူအများ၏ ကျန်းမာရေးအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းဆောင် ရွက်ပေးနေရသည့်အတွက် အများပြည်သူ၏ အကျိုးကို ရှေ့ရှုပြီး လုပ်ငန်းတာဝန်များဆောင်ရွက်ကြ ရန်လိုကြောင်း တိုက်တွန်းမှာကြားကာ ဆေးရုံအတွက် ဆေးပဒေသာပင်ထောက်ပံ့ငွေကျပ်သိန်း(၂၀) ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထိုမှတစ်ဆင့် မိုးညှင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ၏ ပညာသင်ကြားရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေကျပ် (၂)သိန်းနှင့် KG တန်းကလေးငယ်များအတွက် အာဟာရကြေးထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          အလားတူ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဟိုပင်မြို့၌ မေလ  ၂၄ ရက်တွင် မိုင်းဖောက်ခွဲခံရ၍ ကျိုးကျပျက်စီးသွားသည့် ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်ရှိ (ဟိုပင်တံတား) တံတားအမှတ် (၂/၂၂၁) RC သံဘောင်တံတား ပေ ၂၀၀ ပျက်စီးခဲ့မှုအခြေအနေနှင့် အဆိုပါ တံတားအနီးတွင် တံတားအထူးအဖွဲ့ (၁)မှ (၆.၆.၂၀၂၁)ရက်နေ့မှ စတင်၍ ကားများ ဖြတ်သန်းသွားလာနိုင်ရေး ယာယီဘေလီသံဘောင်တံတားဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းမြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြား ခဲ့သည်။