ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့ပေါ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ပညာသင်ကြားနေမှုကို လိုက်လံကြည့်ရှုအားပေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့ပေါ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ပညာသင်ကြားနေမှုကို လိုက်လံကြည့်ရှုအားပေး

မြစ်ကြီးနား     ဇွန် ၁

          ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်နေ့တွင် စတင် ဖွင့်လှစ်သင်ကြားလျက်ရှိရာ  ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည် နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ  အခြေခံ ပညာကျောင်းများ စတင်ဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်း‌ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် အတူ မြစ်ကြီး နားမြို့ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း အဆင့်ကျောင်းသား/ကျောင်းသူများအား ဆရာ၊ ဆရာမများမှ သင်ကြားရေးလုပ်ငန်းဆောင်ရွက်နေ မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သင်ကြားရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား သား/သမီးများအတွက် ပညာသင်ကြားခွင့်ရရှိရေး သည် အနာဂတ်တိုင်းပြည်အတွက်နှင့် မိမိတို့ ဘဝအတွက်ပါအရေးကြီးပါကြောင်း၊ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက်ကိုလည်း လုံခြုံရေးဆိုင်ရာအစီအမံများ ဆောင်ရွက်ပေးထားပြီးဖြစ် ကြောင်း အားပေးပြောကြားခဲ့ပြီး သင်ကြားရေးဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေများနှင့် မူလ တန်းကလေးငယ်များအား အဟာရကြေးထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ပမ္မတီးရပ်ကွက် အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား မိဘများနှင့် တွေ့ဆုံအားပေးပြီး ကျောင်းအတွင်း သင်ကြားရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ကျောင်း သားတက်ရောက်မှုအခြေအနေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးစံလုပ်ငန်းလမ်းညွှန်ချက်များနှင့် သင်ကြား နိုင်မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအုပ်ကြီးထံ ထောက်ပံ့ငွေများပေးအပ် ခဲ့ကြသည်။

          အလားတူ ရေကြည်ကျေးရွာ၊ အမှတ် (၁)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား ကလေးငယ်များအား ပညာသင်ကြားနေမှုအခြေအနေများကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်အတူ စာသင်ခန်းများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြပြီး သင်ကြားရေးလုပ်ငန်းဆောင်ရွက်နေကြသည့် ဆရာ/ဆရာမများနှင့် သူငယ် တန်းကလေးများအတွက် အဟာရကြေးထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကာ ကျောင်းအတွင်း လိုအပ် သည့် သောက်သုံးရေလုံလောက်မှုရှိစေရေး၊ တိုးချဲ့ကျောင်းဆောင်သစ်ရရှိရေးအတွက် ပြည်နယ်ပညာ ရေးမှူး၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ကချင်ပြည်နယ်ပညာရေးဦးစီးဌာနအနေဖြင့် ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်အတွက် ပြည်နယ် အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပေါင်း (၁၄၀၀) ကျော် ပြင်ဆင်ဆောင်ရွက်ထားခဲ့ပြီး ကျောင်းအပ်နှံမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိနေကြောင်းနှင့် ပညာရေးဝန်ကြီးဌာနမှလည်း ကချင်ပြည်နယ်အတွင်းရှိ ကျောင်းပေါင်း(၃၇၈)ကျောင်းအတွက် ကျောင်း များ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရန်နှင့် ရေစနစ် များဆောင်ရွက်ရန်အတွက် ရန်ပုံငွေကျပ်သန်း (၁၉၉၈.၈၅၅၂)သန်း ခွဲဝေရရှိခဲ့ကြောင်း သိရှိရသည်။