ကချင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မေ ၁၉ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်နယ်အတွင်းအခြေခံပညာကျောင်း များအေးချမ်းတည်ငြိမ်စွာဖွင့်လှစ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ဌာန ဆိုင်ရာအဖွဲ့အစည်းများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည် ချက် (၉)ရပ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားရေးဟု ပါရှိသည့်အတွက် အနာဂတ်လူငယ်လူရွယ်များ၏ ပညာရေးဖွံ့ဖြိုးမှု နောက်မကျစေရေးအတွက် ကျောင်းများအေး ချမ်းတည်ငြိမ်စွာဖွင့်လှစ်၍ ပညာသင်ကြားခွင့်ရရှိရေးကို ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ ယခင်နှစ်များတွင် ပုံမှန်အတိုင်း ဖွင့်လှစ်ဆောင် ရွက်လေ့ရှိသော်လည်း ယနေ့ကာလအခြေအနေအရ ကျောင်းသားများ၊ မိဘများ၊ ဆရာ၊ ဆရာမ များ၏ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာပါ လုံခြုံစိတ်ချမှုရှိစေရန် လုံခြုံရေးဆိုင်ရာများ အပြည့်အဝဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် အဓိကအားဖြင့် ကျောင်းသား/ ကျောင်းသူများ၊…