ကချင်ပြည်နယ်တစ်ဝှမ်း ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်ပင်ပေါင်း (၁၅၀၀၀၀)ကျော် စိုက်ပျိုးရှင်သန်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မေ ၇ ကချင်ပြည်နယ်တစ်ဝှမ်း ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် တစ်အုပ်တစ်မ သစ်ပင်ပေါင်း (၁၅၀၀၀၀)ကျော် စိုက်ပျိုးနိုင်ရေးနှင့် ဒေသအလိုက် သင့်လျော်သည့်နေရာများတွင် ဒေသမျိုးရင်းသစ်ပင်များ စိုက်ပျိုးရှင်သန်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို မေ ၇ ရက် နံနက် (၁၀)နာရီခွဲတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်သည် နိုင်ငံ၏ရေအရင်းအမြစ်၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့် သဘာဝပတ်ဝန်းကျင် အတွက် အရေးပါသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် သစ်တော၊ သစ်ပင်ထိန်းသိမ်းရေးနှင့် ရှင်သန် နိုင်ရေးသည့်အရေးကြီးပါကြောင်း၊ နှစ်စဉ်သစ်ပင်စိုက်ပျိုးလျက်ရှိသော်လည်းစောင့်ရှောက်မှုအားနည်း ခြင်းကြောင့် ဖြစ်ထွန်းမှုနည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ယခုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ၏ အလေးထားညွှန်ကြားမှုနှင့်အတူ မိမိတို့အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးရာတွင် စိုက်ပျိုး သည့်အပင်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း [&Read More