ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့၊ အကောက်ခွန်မဲ့ ဆိုင်ကယ်များပပျောက်ရေး အရောင်းပြခန်း၊ အရောင်းဆိုင်များရှိ မော်တော်ဆိုင်ကယ်များ စိစစ်ဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းညှိနှိုင်းစည်းဝေး

 ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့၊ အကောက်ခွန်မဲ့ ဆိုင်ကယ်များပပျောက်ရေး အရောင်းပြခန်း၊ အရောင်းဆိုင်များရှိ မော်တော်ဆိုင်ကယ်များ စိစစ်ဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     မေ ၁၃

          ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့၊ အကောက်ခွန်မဲ့ ဆိုင်ကယ်များ စိစစ်အရေးယူနိုင်ရေး၊  အရောင်းပြခန်းနှင့် အရောင်းဆိုင်များရှိ မော်တော်ဆိုင်ကယ်များ စိစစ်ဆောင်ရွက်မှုဆိုင်ရာလုပ်ငန်း များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၃ ရက်  နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်စီ မံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          ညှိနှိုင်းအစည်းအဝေးတွင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခက်ထိန်နန်က နိုင်ငံတော် ၏ ဘဏ္ဍာအခွန်ရငွေဆုံးရှုံးမှုမရှိစေရေးအတွက် လိုင်စင်မဲ့ ၊ အကောက်ခွန်မဲ့ဆိုင်ကယ်များ ပပျောက် ရေးအတွက် အရောင်းပြခန်းနှင့် အရောင်းဆိုင်များရှိ မော်တော်ဆိုင်ကယ်များကို စိစစ်ဆောင်ရွက်ပြီး အရောင်းဆိုင်များအနေဖြင့် လိုင်စင်ဖြင့် ရောင်းချနိုင်ရေး၊ ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင် ရွက်လာစေရေးနှင့် စိစစ်စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအနေဖြင့် မှန်ကန် တိကျစွာဆောင်ရွက်သွားရေး မှာကြားသည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ညွှန်ကြားရေးမှူးက မေ ၁၀ ရက်တွင် ပြုလုပ် ခဲ့သော အရောင်းပြခန်း/အရောင်းဆိုင်များရှိ မော်တော်ဆိုင်ကယ်များ စိစစ်ဆောင်ရွက်မှုဆိုင်ရာအဖွဲ့ ဖွဲ့စည်း၍ စိစစ်ဆောင်ရွက်မှုအခြေအနေနှင့် ပြည်နယ်အတွင်းရှိ ခရိုင်များအလိုက် စိစစ်ဆဲဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူးက စစ်ဆေးဆောင်ရွက်မှုအခြေအနေနှင့် ညွှန်ကြားချက်ပါအချက်များကို ရှင်းလင်းတင်ပြ သည်။

          ဆက်လက်၍ မြစ်ကြီးနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်အတွင်း စိစစ်ဆောင်ရွက်နေ မှုများနှင့်ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေကို တင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက စိစစ်စစ်ဆေးဆောင်ရွက်မှုများနှင့် အရေးယူဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်း အောင်နှင့် အတွင်းရေးမှူးဦးခင်မောင်လေးတို့က လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ စစ်ဆေး စိစစ်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ကြသည်။

          ဆွေးနွေးတင်ပြချက်များနှင့် အကြံပြုဆွေးနွေးမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လိုင်စင်မဲ့၊ အကောက်ခွန်မဲ့ ဆိုင်ကယ်များ တင်သွင်းရောင်းချမှုသည် နိုင်ငံတော်ဘဏ္ဍာဆုံးရှုံး မှုဖြစ်စေကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းဆောင်ရွက်မှုများကို အကောင်းဆုံးနှင့် အမှန်ကန်ဆုံးဖြစ် စေရေး၊ အရေးယူဆောင်ရွက်မှုများတွင် ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ရေးနှင့် ဌာနဆိုင်ရာများ အနေဖြင့် အချင်းချင်းညှိနှိုင်းပေါင်းစပ်မှုဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားကြရေး တိုက်တွန်းမှာကြားခဲ့သည်။