ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဗန်းမော်ခရိုင်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိ သောတက္ကသိုလ်များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဗန်းမော်ခရိုင်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိ သောတက္ကသိုလ်များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့

ဗန်းမော်         မေ ၁၂

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များ၊တာဝန်ရှိသူများနှင့်အတူ ဗန်းမော်ခရိုင်အတွင်းရှိ တက္ကသိုလ်များဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေ များပေးအပ်ခြင်းကို မေ ၁၁ ရက်တွင် ဆောင်ရွက်ခဲ့ကြသည်။

          ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့် ဆောင်၊ တာဝန်ရှိသူများလိုက်ပါလျက်ရှိ ဗန်းမော်မြို့ နည်းပညာတက္ကသိုလ်၌ ပါမောက္ခချုပ်နှင့် ပါမော က္ခဌာနမှူးများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က အခက်အခဲအနှောင့်အယှက်များစွာရှိသော်လည်းမိမိတို့၏အနာဂတ်လူငယ်မျိုးဆက် သစ်များ၏ ပညာရေးအတွက် ကြိုးပမ်းသင်ကြားပေးလျက်ရှိသော ဆရာ/ ဆရာမများအား မှတ်တမ်း တင်ဂုဏ်ယူအပ်ပါကြောင်း၊ မိမိတို့စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများနှင့် သင်ကြားရေးဝန်ထမ်းများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အားလုံးနှင့် လက်တွဲညှိနှိုင်း၍ အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

          ထို့နောက် နည်းပညာတက္ကသိုလ်(ဗန်းမော်)မှ ပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာအချက်အ လက်များနှင့် တည်ဆောက်ရေးလုပ်ငန်းများ ‌ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြရာ ပြည် နယ်ကောင်စီအဖွဲ့ဝင်များက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပြီး ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တက္ကသိုလ်အတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ထောက်ပံ့ပေးအပ် ခဲ့ကာ တက္ကသိုလ်ဝင်းအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (၄)ခန်းတွဲ (၄)ထပ်အရာထမ်းဝန်ထမ်း အိမ်ရာတည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော စီဟဲ-မံဖာ-ခိုကျင်-မန်ခို-စီအင်ကျေးရွာ ချင်းဆက်လမ်း (4.31 Km)ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်း ဆောင် ရွက်မှု နှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

          ထိုမှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကွန်ပျူတာတက္က သိုလ်(ဗန်းမော်)၌ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်း နှီးနှီးမိတ်ဆက်တွေ့ဆုံ အားပေးအမှာစကားပြောကြားကာ ပါမောက္ခချုပ်၏ တက္ကသိုလ်ဆိုင်ရာအ ချက်အလက်များနှင့် သင်ကြားရေးလုပ်ငန်းများတွင် လိုအပ်ချက်များ တင်ပြမှုများအပေါ် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)အတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ‌ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ဗန်းမော်မြို့ရှိ အမှတ်(၁၁)စစ်မြေပြင်ဆေးတပ်ရင်းတွင် ဆေးတပ်ရင်းမှူးနှင့် တပ် မတော်အရာရှိများနှင့် တွေ့ဆုံကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုလိုကာလအတွင်း တပ်မတော်အနေဖြင့် တပ်မတော်သားများသာမက ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကိုပါ ဆောင်ရွက်ပေးနေသည့်အတွက် ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်းပြောကြားကာ အမှတ် (၁၁)စစ်မြေပြင်ဆေးတပ်ရင်းအတွက် ဆေးပဒေသာပင်လှူဒါန်းငွေကျပ် သိန်း(၅၀)နှင့် ဆေးဝါးကုသမှု ခံယူနေသော တပ်မတော်သားများနှင့် ဒေသခံပြည်သူများအတွက် အင်အားဖြည့်ကျွေးမွေးနိုင်ရေး ငွေကျပ်သိန်း (၂၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် ဗန်းမော်ခရိုင်ကချင်ရိုးရာစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် မနောကွင်းတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို တာဝန်ရှိသူများနှင့် လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ဗန်းမော်မြို့ စုပေါင်းရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ဗန်းမော်ခရိုင်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဘာသာရေး အသင်းအဖွဲ့များမှတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အမှာစကားပြောကြားကာ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ (၄)ဖွဲ့အတွက် (၁)ဖွဲ့လျှင် ထောက်ပံ့ငွေကျပ် (၅)သိန်းစီဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် သိန်း (၂၀)နှင့် ဘာသာရေး အသင်းအဖွဲ့ (၃)ခုတို့အတွက် (၁)ဖွဲ့လျှင် ငွေကျပ် (၅)သိန်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၅) သိန်းကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကာ လိုအပ်ချက်များတင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် ဗန်းမော်မြို့၊ သူနာပြုသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက် ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကျန်းမာရေးဝန်ထမ်းများအား အမှာစကားပြောကြား ကာ ထောက်ပံ့ငွေများကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ကျပ် (၂၅)သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်း၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ် သိန်း(၂၀)၊ သူနာပြုသင်တန်း ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်း၊ ဗန်းမော်ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်များ၊ သူနာပြု များနှင့် သန့်ရှင်းရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၃၁၁၅၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကာ ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

          ဆက်လက်၍ ဗန်းမော်ပြည်သူ့ဆေးရုံ၊ ကလေးကုသဆောင်၌ ကလေးငယ်များနှင့် မိခင်များ အား လိုက်လံအားပေးစကားပြောကြားကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ် ကောင်စီအဖွဲ့ဝင်များက အဟာရမှုန့်များနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထို့မှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဗန်းမော်တက္ကသိုလ်၌  ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ကထိကများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားကာ ပါမောက္ခချုပ်၏ တက္ကသိုလ် ဆိုင်ရာအချက်အလက်များ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် သင်ကြားရေးဆိုင်ရာလိုအပ်ချက်တင် ပြမှုများအပေါ် ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကာ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တက္ကသိုလ်အတွက် ထောက်ပံ့ငွေကျပ်သိန်း(၂၀)ကို ထောက်ပံ့ပေးအပ် ခဲ့သည်။

          ထို့နောက် မေ ၁၂ ရက် နံနက်ပိုင်းတွင် ဗန်းမော်မြို့လေဆိပ်ခန်းမ၌ ခရိုင်နှင့် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များအား တွေ့ဆုံမှာကြားခဲ့ပြီး မြစ်ကြီးနားမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာ ခဲ့သည်။