ကချင်ပြည်နယ်တစ်ဝှမ်း ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်ပင်ပေါင်း (၁၅၀၀၀၀)ကျော် စိုက်ပျိုးရှင်သန်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်တစ်ဝှမ်း ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်ပင်ပေါင်း (၁၅၀၀၀၀)ကျော် စိုက်ပျိုးရှင်သန်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မေ ၇

          ကချင်ပြည်နယ်တစ်ဝှမ်း ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် တစ်အုပ်တစ်မ သစ်ပင်ပေါင်း (၁၅၀၀၀၀)ကျော် စိုက်ပျိုးနိုင်ရေးနှင့် ဒေသအလိုက် သင့်လျော်သည့်နေရာများတွင် ဒေသမျိုးရင်းသစ်ပင်များ စိုက်ပျိုးရှင်သန်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို မေ ၇ ရက် နံနက် (၁၀)နာရီခွဲတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်သည် နိုင်ငံ၏ရေအရင်းအမြစ်၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့် သဘာဝပတ်ဝန်းကျင် အတွက် အရေးပါသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် သစ်တော၊ သစ်ပင်ထိန်းသိမ်းရေးနှင့် ရှင်သန် နိုင်ရေးသည့်အရေးကြီးပါကြောင်း၊ နှစ်စဉ်သစ်ပင်စိုက်ပျိုးလျက်ရှိသော်လည်းစောင့်ရှောက်မှုအားနည်း ခြင်းကြောင့် ဖြစ်ထွန်းမှုနည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ယခုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ၏ အလေးထားညွှန်ကြားမှုနှင့်အတူ မိမိတို့အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးရာတွင် စိုက်ပျိုး သည့်အပင်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြား သည်။

          ယင်းနောက် ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဥက္ကာက မိုးရာသီတွင် ပြည် နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များအားလုံးတွင် တစ်အုပ်တစ်မသစ်ပင် (၁၅၀၀၀၀)ကျော်ပင် စိုက်ပျိုးနိုင်ရေးနှင့် ရှင်သန်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့်စီမံချက်အားရှင်းလင်းတင်ပြရာ ပြည် နယ်ကောင်စီအဖွဲ့ဝင်များနှင့် မြစ်ကြီးနား၊ ဝိုင်းမော်နှင့် မိုးကောင်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဥက္ကဋ္ဌများက သစ်ပင်စိုက်ပျိုးသွားမည့် စီမံချက်ပါအချက်များအပေါ် သိလိုသည်များ၊ သစ်ပင်များ ရှင်သန်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဒေသအခြေအနေပေါ် မူတည်၍ သစ်ပင်စိုက်ပျိုးခြင်းကို နေရာရွှေ့ပြောင်း စိုက်ပျိုးနိုင်ရေးတို့ကို အကြံပြုဆွေးနွေးခဲ့ကြသည်။

          ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ယခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အတွက် ဇွန်လ ၁၂ ရက်နေ့လျာထားဆောင်ရွက်ထားရေး၊ ဒေသနှင့်ကိုက်ညီပြီး ဒေသတွင်းမျိုးရင်းမျိုးစိတ်သစ်ပင်များကို ဖြန့်ဝေစိုက်ပျိုးနိုင်ရေး၊ မြို့နယ်အလိုက် စိုက်ပျိုးမည့် နေရာ များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရေး၊ သစ်ပင်များရှင် သန်ဖွံ့ဖြိုးရေးအတွက် ရပ်/ ကျေးအုပ်ချုပ်ရေးအဖွဲ့များအား တာဝန်ပေးအပ်ဆောင်ရွက်သွားရေးတို့ကို ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်ပေးခဲ့သည်။

          ယခုနှစ် ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးရေးပွဲတော်ကို ကချင်ပြည်နယ်အတွင်း ချယ်ရီ၊ သစ်အယ်၊ ခလောင်း၊ သစ်မွှေး၊ ထင်းရှူး၊ ပိတောက်နက်၊ တမလန်း၊ ယမနေ၊ ယင်းမာ၊ မျောက်ငို၊ တောင်တမာ၊ ဂျီးစားတမာ၊ ကျွန်း၊ ပျဉ်းကတိုး၊ စကားဝါ၊ မဟော်ဂနီ၊ မယ်ဇလီ၊ ကံ့ကော်၊ ခရေ၊ ရေပိတုန်း၊ မန်ဂျန်ရှား စသည့် အရိပ်ရအပင်ပေါင်း (၁၅၇၁၀၀)ကို ခရိုင်နှင့် မြို့နယ်များ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များအလိုက် ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရှိ ရသည်။