ပြန်လည်ဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်းများ စတင်တော့မည့် တက္ကသိုလ်ကောလိပ်များအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သွားရောက်ကြည့်ရှုစစ်ဆေး

 ပြန်လည်ဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်းများ စတင်တော့မည့် တက္ကသိုလ်ကောလိပ်များအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သွားရောက်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မေ ၄

          ပြန်လည်ဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်းများ စတင်ဆောင်ရွက်တော့မည့် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ကောလိပ်များအတွင်း ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက မေ ၄ ရက် နံနက် ၈ နာရီ တွင်သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်ကြားရေးလုပ်ငန်းတာဝန်ရှိသူများအား တွေ့ဆုံအားပေးခဲ့ ကြသည်။

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ ပညာရေးဒီဂရီကောလိပ်ကျောင်း၊ ဉာဏစစ်သည် ခန်းမ၌ ပညာရေးကောလိပ်ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုလိုအခက်အခဲကာလအတွင်း မိမိတို့သားသမီးများ အတွက် ပညာသင်ကြားရေးနိုင်ရေးကို အလေးထားလုပ်ဆောင်ပေးကြမည့် ဆရာ/ဆရာမများအား မိမိတို့ကောင်စီအနေဖြင့် အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း၊ မိမိတို့၏ သားသမီးများ ပညာသင်ကြားမှု နောက်ကြမှုမရှိအောင်ဆောင်ရွက်ရေးကို ဂရုပြုဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် မိမိတို့ကောင်စီ အနေဖြင့် ပညာသင်ကြားရေးလုပ်ငန်းအတွက် လိုအပ်သည်များကို အပြည့်အဝပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ပညာရေးဒီဂရီကောလိပ်အတွင်း သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်ထားသည့် စာသင်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည် များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ရွှေအိုက်ရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်၌ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ကထိကဆရာ၊ ဆရာများနှင့် တွေ့ဆုံပြီး ဒုတိယပါမောက္ခချုပ်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များအား ကျောင်းဆိုင်ရာအချက်အလက်များ၊ သင်ကြားရေး ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌက အားပေး အမှာစကားပြောကြားကာ စာသင်ဆောင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။

          ထိုမှတစ်ဆင့်မြစ်ကြီးနားမြို့၊ရှမ်းစုတောင်ရပ်ကွက်ရှိ ကွန်ပျူတာတက္ကသိုလ်သို့ သွားရောက်ပြီး ပါမောက္ခချုပ်၊ ကထိကဆရာ၊ ဆရာမများနှင့် တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားကာ တက္ကသိုလ်အတွင်း သင်ကြားရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားသည့် ကွန်ပျူတာသင်တန်းခန်းမနှင့် စာသင်ခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက်မွန်းလွဲပိုင်းတွင် မြစ်ကြီးနားတက္ကသိုလ်သီရေတာ(Theatre)ခန်းမ၌ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ကထိကဆရာဆရာများနှင့် တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက  မြစ်ကြီးနားတက္ကသိုလ်မှ နောက်ဆုံးနှစ်သင်တန်းများ၊ ပဉ္ဇမနှစ် ဥပဒေသင်တန်း၊ ဂုဏ်ထူးတန်းနောက် ဆုံးနှစ်သင်တန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာသိပ္ပံ/ ဝိဇ္ဇာပထမနှစ်(ဒုတိယနှစ်ဝက်) သင် တန်းဖွင့်လှစ်သင်ကြားမည့် လုပ်ငန်းများကို စာမေးပွဲပြီးဆုံးသည်အထိ သင်ကြားပို့ချပေးနိုင်ရေး၊ လို အပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

          မှဈကှီးနားတကျကသိုလတြှငြ ဖှင့လြှဈသငကြှားသှားမည့ြ ဘာသာရပအြလိုကသြငတြနြးမွားတှငြ စတုတျထနှဈ သငတြနြးသား/သူ(၉၉၄)ဦး၊ ဥပဒေ(ပဉျဇမနှဈ) (၁၀၉)ဦး၊ ဂုဏထြူးတနြးနောကဆြုံးကွောငြး သား/ကွောငြးသူ (၂၀၆)ဦး၊ မဟာအရညအြခငွြးစဈသငတြနြးသား/သူ (၁၂၃)ဦးနှင့ြ ဘှဲ့လှနမြဟာတနြး ကွောငြးသား/သူ(၅၃၂)ဦး စုစုပေါငြး (၁၉၆၄)ဦးတို့ကို မလေ ၅ ရကတြှငြ စတငဖြှင့လြှဈသငကြှားပို့ခွ သှားမညဖြှဈကှောငြးသိရှိရသညြ။