ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့၌ ရေကူးပြေးလမ်း (၁၀)လမ်းပါ မြန်မာနိုင်ငံ၏ အကြီးဆုံးရေကူးကန်တည်ဆောက်ရေး ပန္နက်ရိုက်တင်ပေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့၌ ရေကူးပြေးလမ်း (၁၀)လမ်းပါ မြန်မာနိုင်ငံ၏ အကြီးဆုံးရေကူးကန်တည်ဆောက်ရေး ပန္နက်ရိုက်တင်ပေး

မြစ်ကြီးနား     မေ ၅

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များနှင့်အတူ မြစ်ကြီးနားမြို့၌ ဆောက်လုပ်သွားမည့် နိုင်ငံအတွင်း အကြီးဆုံးရေကူးကန်တစ်ခုဖြစ်ပြီး ရေကူးပြေးလမ်း (၁၀)လမ်းပါသည့် ရေကူးကန်ဆောက်လုပ်နိုင်ရေးအတွက် မေ ၅ ရက် နံနက် ၉ နာရီ တွင် ပန္နက်ရိုက်တင်ပေးခဲ့ကြသည်။

          ရေကူးကန်တည်ဆောက်ရေးစီမံကိန်းကို မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ ခရိုင်အားကစား နှင့်ကာယပညာဦးစီးဌာနပိုင်၊ ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်း၌ ပြည်ထောင်စုဘဏ္ဍာရန်ပုံ ငွေကျပ်သန်း (၁၉၀၀)ဖြင့် အလျား(၁၅၀)ပေ၊ အနံ(၇၅)ပေရှိ ရေကူးပြေးလမ်း (၁၀)လမ်းပါ ရေကူး ကန်တည်ဆောက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူနှင့် တည်ဆောက်ရေးလုပ်ငန်းတာဝန်ခံ မြန်မာမိတ်ကာဟုမ်း ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူများက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ ဝင်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံအတွင်း အကြီးဆုံး ရေကူးကန်စီမံကိန်းဖြစ်သောကြောင့် စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဆောက်လုပ်သွား ရေး၊ မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး ကချင်ပြည်နယ်တွင် တည်ရှိသောကြောင့် ကချင်ပြည်နယ်၏ အနှစ်သာရနှင့် အငွေ့အသက်များ ပါဝင်သည့် အဆောက်အအုံဒီဇိုင်းဖြစ်လာရေးတို့ကို တိုက်တွန်းမှာ ကြားခဲ့သည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့် တည်ဆောက်ရေး တာဝန်ခံကုမ္ပဏီတို့မှ တာဝန်ရှိသူတို့က ပန္နက်ရိုက်တင် ပေးခဲ့ကြပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် မိုးလုံလေလုံအားကစားရုံများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ရေကူးကန်သည် ရေကူးပြေးလမ်း (၁၀)လမ်းပါဝင်ပြီး ရေကူးအကယ်ဒမီပင်မအ ဆောက်အအုံတွင် သန့်စင်ခန်း၊ နားနေခန်းများ၊ ပွဲကြည့်စဉ်၊ ဆေးအဖွဲ့၊ ဒိုင်အဖွဲ့၊ ရုံးအဖွဲ့အခန်းများဖြင့် ဖွဲ့စည်းတည်ဆောက်သွားမည်ဖြစ်ကြောင်း၊  Electric Scoll Board ထိန်းချုပ်ခန်း၊ ပြုပြင်ထိန်း‌ရေး အခန်းများအပြင် ရေကူးကန်အတွင်း‌ ရေသန့်စင်ခြင်းနှင့် အပူထိန်းစနစ်များဖြင့် ထည့်သွင်းတည် ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ဘဏ္ဍာ နှစ်အလိုက် ရေကူးကန်အနီးတွင် အားကစားနည်း (၈)နည်းလေ့ကျင့်ရေးစခန်းများ ဖြည့်စွက်တည် ဆောက်နိုင်ရေး စီမံဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။