ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်မှုများနှင့် ပတ်သက်၍ ထက်၊ လယ်၊ မူကျောင်းအုပ်များနှင့် တွေ့ဆုံ

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်မှုများနှင့် ပတ်သက်၍ ထက်၊ လယ်၊ မူကျောင်းအုပ်များနှင့် တွေ့ဆုံ

မြစ်ကြီးနား     မေ ၆

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်နယ် ကောင်စီအဖွဲ့ဝင်များနှင့် အတူ မေ ၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ထက်၊ လယ်၊ မူကျောင်းအုပ်များနှင့် တွေ့ဆုံပွဲကျင်းပသည်။

          ထက်၊ လယ်၊ မူကျောင်းအုပ်များနှင့် တွေ့ဆုံရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ သား/သမီးများ၏ ပညာရေးသည် မိမိတို့ ပြည်နယ်၏ အနာဂတ်အတွက် အရေးကြီးသလို လူငယ်/လူရွယ်များ၏ ပညာရေးသည်လည်း နိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးပါ ကြောင်း၊ ယနေ့ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ သား/သမီးများ၏ အနာဂတ်အရေးအတွက် သင်ကြားရေးဖြင့် လမ်းမှန်ရောက်အောင် ပြုစုပျိုးထောင်ပေးနိုင်ရေးသည် အရေးကြီးပါကြောင်း၊  အနာဂတ်သား/ သမီးများ၏ ပညာရေးတွင် နောက်ကျကျန်ခြင်းမရှိစေရေးနှင့် ပညာသင်ကြားခွင့်ရရှိ ရေးအတွက် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို မိမိတို့အနေဖြင့် ကြိုးစားပြီးတာဝန်ယူဆောင် ရွက်ကြရမှာဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လိုအပ်သည့် အခက်အခဲ များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အားလုံးနှင့် လက်တွဲညှိနှိုင်း၍ တာဝန်ယူဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း အားပေးတိုက်တွန်းမှာကြားသည်။

          ယင်းနောက် ပြည်နယ်ပညာရေးမှူး ဦးကျော်မိုးထွန်းက ကချင်ပြည်နယ်အတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စံထားရမည့် အချက် (၅)ချက်နှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု၊ ကျောင်းအပ်နှံရေးရက်သတ္တပတ်အတွက် စီမံဆောင်ရွက်ထားရှိမှု၊ ကျောင်းများဖွင့်လှစ်ရေး အတွက် ကြိုတင်ပြင်ဆင်ရာတွင် ဒေသအချို့တွင်တွေ့ကြုံရသည့်အခက်အခဲနှင့် လုံခြုံရေးအခြေအနေ များကို တင်ပြပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် စံ(၅)ရပ်နှင့်အညီ ပြင်ဆင်ဆောင်ရွက်ရာတွင်  ကိုဗစ်-၁၉ ကာကွယ်ရေးစည်း မျဉ်းများနှင့်အညီ သင်ကြားနိုင်ရေး စာသင်ခန်းအခြေအနေနှင့် ဝန်ထမ်းလိုအပ်ချက်များ အသီးသီးတင် ပြခဲ့ကြသည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကျောင်းများ ဖွင့်လှစ်၍ သင်ကြားရေး လုပ်ငန်းနှင့် ပတ်သက်၍ လုံခြုံရေးကိစ္စရပ်များအပေါ် အထူးဂရုစိုက်ကြရေး၊ ဝန်ထမ်းလိုအပ်ချက် အပေါ် နေ့စားလပေးများအစားထိုးခန့်ထားနိုင်ရေးနှင့် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။

          အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးကို ကချင်ပြည်နယ်အတွင်း ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အထက်တန်းကျောင်း (၁၈၅)ကျောင်း၊ အလယ်တန်းကျောင်း (၃၇၅) ကျောင်းနှင့် မူလတန်းကျောင်း (၇၄၄)ကျောင်း စုစုပေါင်း (၁၃၀၈)ကျောင်းတွင် ပညာသင်ကြားနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ရာခိုင်နှုန်းအားဖြင့်(၈၅.၆)ရှိကြောင်း၊ ကျန်ရှိသည့်အခြေခံပညာ ကျောင်းများကိုလည်း ကျောင်းဖွင့်ချိန်အမီ ဖွင့်လှစ်နိုင်ရေးကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် မေလ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား/သူ များအား ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။