ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးလုပ်သားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
မြစ်ကြီးနား သြဂုတ် ၂၅ ကချင်ပြည်နယ်ကလေးအလုပ်သားပပျောက်ရေးကော်မတီ၏ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေ ခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၅ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးတွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားမျာား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများ လျော့နည်းပပျောက်စေရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အခြားလုပ်ငန်း ကော်မတီများနှင့် ပူးပေါင်းညှိနှိုင်း၍ ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ဆောင် ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။ &Read More