ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲနှင့် ရုံတွင်း (In Door)
မြစ်ကြီးနား သြဂုတ် ၁၃ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင်ပြည်သူ များအား ကူညီထောက်ပံ့နိုင်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေး ပွဲကို သြဂုတ် ၁၃ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီး ထိစပ်သည့်နေရာတွင် တည်ရှိသည့် ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင် ပြည်သူများသည် ဖားကန့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေး အဆောက်အအုံများတွင် အိမ်ထောင်စု (၅၄၅)စု၊ လူဦးရေ ၂၃၁၂ ဦးတို့သည် ခေတ္တတိမ်းရှောင်နေထိုင် လျက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ တိုက်ပွဲရှောင်ပြည်သူများအား လတ်တလော [&Read More