ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးလုပ်သားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

 ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးလုပ်သားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား     သြဂုတ် ၂၅

          ကချင်ပြည်နယ်ကလေးအလုပ်သားပပျောက်ရေးကော်မတီ၏ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေ ခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ၏

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၅ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          အစည်းအဝေးတွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားမျာား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများ လျော့နည်းပပျောက်စေရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အခြားလုပ်ငန်း ကော်မတီများနှင့် ပူးပေါင်းညှိနှိုင်း၍ ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ဆောင် ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ဆပ်ကော်မတီအတွင်းရေးမှူး ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်နှင့် တက်ရောက် လာကြသူများက ယခင်အစည်းအဝေးဆုံးဖြတ်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ လုပ်ငန်းစဉ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ကော်မတီအဖွဲ့ဝင် အချင်းချင်း ချိတ်ဆက်ပေါင်းစပ်ပိုမိုအားကောင်းစွာ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ သတင်းအချက် များရရှိမှုအပေါ် မူတည်၍  မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်မြို့နယ်များတွင် Pilot Area များ သတ်မှတ်ဆောင်ရွက်ဆောင်ရွက်နိုင်ရေး၊ သက်မွေးပညာ၊ အတန်းပညာများ သင်ကြားပေးနိုင်ရေး အတွက် စီမံဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။