မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ နေ့စဉ် စွန့်ပစ်အမှိုက်တန်ချိန် ၁၀၀ ကျော်အား နန်ကျင် အမှိုက်ကွင်းအတွင်း စနစ်တကျစွန့်ပစ်နိုင်ရေး၊ အမှိုက်ကွင်းမြေနေရာ
မြစ်ကြီးနား သြဂုတ် ၆ ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့သည် လူဦးရေထူထပ်လာသည်နှင့်အမျှ နေ့စဉ် စွန့်ပစ်အမှိုက်များ များပြားလာခြင်းကြောင့် အမှိုက်များ စနစ်တကျ သိမ်းဆည်းစွန့်ပစ်နိုင်ရေး နှင့် အမှိုက်ကွင်းမြေနေရာ ရေရှည်အသုံးပြုနိုင်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၆ ရက် နံနက် ၁၀ နာရီက နန်ကျင်အမှိုက်စွန့်ပစ်သည့် မြေနေရာ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါ စည်ပင်သာယာရေးအဖွဲ့ပိုင် နန်ကျင်အမှိုက်စွန့်ပစ်သည့်မြေနေရာသည် ဧကအားဖြင့် (၂၀.၈၂)ဧက ကျယ်ဝန်းပြီး မြစ်ကြီးနားမြို့နှင့် (၁၃)မိုင်ကွာဝေးကာ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက် (၂၆) ရပ်ကွက်မှ စွန့်ပစ်အမှိုက်များအား အမှိုက်ကား (၁၄)စီးဖြင့် နေ့စဉ် အမှိုက်တန်ချိန် (၁၀၀) ကျော်ကို နှစ်ပေါင်း (၁၀) ကျော်ကြာစွန့်ပစ်ထားခဲ့သဖြင့် အမှိုက်ကျင်းနေရာအား ရေရှည် ဆက်လက်သုံးစွဲနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးသည် […]Read More