ကချင်ပြည်နယ်၌ ဆီစားသုံးမှု ဖူလုံစေရေးအတွက် ဆီထွက်နှုန်းပိုမိုရရှိသည့်အပြင် စိုက်ပျိုးသူတောင်သူများ အကျိုးအမြတ်ပိုမိုရရှိစေသော နေကြာသီးနှံကို ပြည်နယ်အတွင်း ဧက ၁၀၀၀၀
မြစ်ကြီးနား ဇူလိုင် ၂၂ ကချင်ပြည်နယ်အတွင်း ဆီစားသုံးမှုဖူလုံစေရေးအတွက် ဆီထွက်နှုန်း ပိုမိုရရှိသည့်အပြင် စိုက်ပျိုးသူတောင်သူများ ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းစေသော နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးထုတ် လုပ်သွားရန် လိုအပ်ကြောင်း ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ကြီးကြပ်ရေးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထည့်သွင်းပြောကြားသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် ဆန်စပါး ဖူလုံလောက်ငှမှုရှိသော်လည်း စားသုံးဆီဖူလုံမှုတွင် ၅၅.၉၃ ရာခိုင်နှုန်းသာရှိသည့်အတွက် နိုင်ငံတော် ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ရာသီအလိုက် စိုက်ပျိုးဖြစ်ထွန်းရန် လွယ်ကူပြီး ဆီထွက်နှုန်းပိုမို ရရှိသည့် နေကြာသီးနှံကို ပြည်နယ်တစ်ဝှမ်း ဧက ၁၀၀၀၀ ကျော်လျာထား တိုးချဲ့စိုက်ပျိုးထုတ်လုပ် သွားရမည် ဖြစ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် [&Read More