နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် အထိမ်းအမှတ် မြစ်ကြီးနားမြို့၌ လေဆိပ်ရှေ့ မလိခဥယျာဉ်ပန်းခြံဖွင့်လှစ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားများသို့ သွားရောက် ပါဝင်ဆင်နွှဲကြမည့် ပြည်နယ်ကိုယ်စားပြုအကအဖွဲ့များအား
မြစ်ကြီးနား ဖေဖော်ဝါရီ ၁ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်အထိမ်းအမှတ် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့၌ ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော မလိခဥယျာဉ်ပန်းခြံဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က တက်ရောက်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ မလိခဥယျာဉ်ပန်းခြံသစ်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့ ယာယီညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြစ်ကြီးနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မလိခ ဥယျာဉ်ပန်းခြံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြကာ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ &Read More