ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးမောက်မြို့နယ်နှင့် ဗန်းမော်မြို့နယ်အတွင်းရှိ တွေ့ဆုံပွဲများကျင်းပပြီး ခရိုင်အတွင်း စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ထူးဆောင် ဆုတံဆိပ်၊ လက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးမောက်မြို့နယ်နှင့် ဗန်းမော်မြို့နယ်အတွင်းရှိ တွေ့ဆုံပွဲများကျင်းပပြီး ခရိုင်အတွင်း စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ထူးဆောင် ဆုတံဆိပ်၊ လက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်

မြစ်ကြီးနား     ဇန်နဝါရီ ၃၀

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဗန်းမော်ခရိုင်အတွင်း မိုးမောက်မြို့နယ် နှင့် ဗန်းမော်မြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကျင်းပပြီး ခရိုင်အတွင်း စွမ်းစွမ်းတမံထူးချွန်စွာတာဝန်ထမ်းဆောင် ခဲ့ကြသူများအား ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ လက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း ကို ဇန်နဝါရီ ၃၀ ရက်တွင် ဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ နံနက် ၆ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီး များနှင့်အတူ ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ ဂေါက်ကွင်း၌ ဗန်းမော်ခရိုင်ဗလမင်းထင်ဂေါက်သီး ရိုက်အသင်းမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗလ မင်းထင်ဖလားအပျော်တမ်းဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးလမိုင်ခွန်ဂျာ နှင့် ဂေါက်သီးရိုက်အသင်းဥက္ကဋ္ဌ ဦးဖော်လုလဝမ်တို့က ဂေါက်သီးရိုက်ဖွင့်လှစ်ပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ် ဂေါက်ရိုက်ပြိုင်ပွဲဝင် အသင်း (၂၄)သင်းမှ ဂေါက်ဖာများအား ရင်းရင်းနှီးနှီး တွေ့ဆုံ  အားပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကွဲရေးမှူး ဗိုလ်မှူးကြီးကျော်သူ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ မိုးမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံလူမှု ကူညီရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်‌ရေး၊ တည်ငြိမ်အေး ချမ်းမှုရှိစေရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစသည့် လုပ်ငန်းများကို မိမိတို့ အစိုးရအဖွဲ့နှင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်ကို ဂုဏ်ပြုမှတ်တမ်းတင်ပါ ကြောင်း၊ သို့သော်လည်း မိမိတို့ ပြည်နယ်/ ခရိုင်/ မြို့နယ်/ ရပ်ကွက်၊ ကျေးရွာများတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် မိုးမောက်မြို့နယ်နှင့် ဒေါ့ဖုန်းယန်မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ် အတွင်း အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ တည်ငြိမ်အေးချမ်းရေး နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်ဖွင့်လှစ်၍ ကုန်စည်စီးဆင်းမှုလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း ၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ်သိန်း ၂၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။

          ယင်းနောက် ဗန်းမော်မြို့ မြို့တော်ခန်းမ၌ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများအနေဖြင့် စည်းလုံး ညီညွတ်စွာဖြင့် မိမိတို့ တာဝန်ထမ်းဆောင်ရာ ‌ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန်၊ ဒေသတွင်းရှိ ပြည်သူများ၏ ငြိမ်းချမ်းစွာနေထိုင်လုပ်ကိုင် စားသောက်နိုင် ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန်လိုကြောင်းနှင့် ခရိုင်အတွင်း တည်ငြိမ်အေးချမ်းမှုရှိ စေ‌ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ပြည်နယ်ဝန်ကြီးများက မိတ်ဆက်အမှာစကားများ အသီးသီးပြောကြားကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေကျပ် ၂၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် မွန်းလွဲပိုင်းတွင် ဗန်းမော်မြို့ စုပေါင်းရုံးခန်းမ၌ ခရိုင်အတွင်း စွမ်းစွမ်းတမံထူး ချွန်စွာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့ကြသူများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ (၇၄)နှစ် မြောက် ကချင်ပြည်နယ်အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ အခက်အခဲအမျိုးမျိုးကို ဖြတ်ကျော်ခဲ့ပြီး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြသည့် ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့များအား မိမိတို့အစိုးရအဖွဲ့မှ အသိ အမှတ်ပြု ဂုဏ်ပြုမှတ်တမ်းတင်သည့် အနေဖြင့် ယခုလို အခမ်းအနားဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များ ကို ပေးအပ်ရခြင်းဖြစ်ကြောင်း ဂုဏ်ပြုပြောကြားသည်။

          ဆက်လက်၍ ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဆုများ ပေးအပ် ချီးမြှင့်ရခြင်းနှင့် ခရိုင်အတွင်း ဂုဏ်ထူးဆောင်ဆုပေးအပ်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင် ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက စီမံခန့်ခွဲရေးဆိုင်ရာထူး ချွန်ဆု(ဒုတိယအဆင့်)ရရှိသူ ၆ ဦး၊ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (တတိယအဆင့်)ဆုရ ၂ ဦး၊ လူမှု ရေးဆိုင်ရာထူးချွန်ဆု (ဒုတိယအဆင့်)ဆုရ ၄ ဦး၊ လူမှုရေးဆိုင်ရာထူးချွန်ဆု(တတိယအဆင့်) ဆုရ ၂ ဦး စုစုပေါင်း ၁၄ ဦးနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခံရသူ ၅၃ ဦးတို့အတွက် ဂုဏ်ထူးဆောင် ဆုတံဆိပ်၊ လက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ခရိုင်ညှိ နှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ တွေ့ဆုံပြီး ခရိုင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ လုပ်ငန်းဆောင် ရွက်ရာတွင် လိုအပ်ချက်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ညပိုင်းတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗလ မင်းထင်ဖလားအပျော်တမ်းဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက် ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အသင်းလိုက် တံခွန် စိုက်ဆု၊ တစ်ဦးချင်းဆုများနှင့် ရွှေ၊ ငွေ၊ ကြေးအဆင့် ဆုများ၊ နှစ်သိမ့်ဆုနှင့် အထူးဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။