ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ပြီး ချီဖွေနှင့် ဆော့လော်မြို့နယ်များ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူလူထု၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၂ ကချင်ပြည်နယ်ညှိနှိုင်းဖျန်ရေးအဖွဲ့ ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်းနှင့် နှစ်ပတ်လည်နေ့ အခမ်းအနား ကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အဆိုပါအဖွဲ့၏ ရုံးခန်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ အနေဖြင့် ပြည်နယ်တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် မငြိမ်သက်မှုဖြစ်စဉ်များတွင် ထိခိုက်မှု အနည်းဆုံးဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့သည့်အတွက်မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပါဝင်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် အဖွဲ့ဝင်တစ်ဦးချင်းစီကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ရှေ့ဆက်ပြီး မိမိတို့ပြည်သူများအတွက်ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။ &Read More