ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း နှင့် မျိုးနွယ်စုကော်မတီဝင်များနှင့်တွေ့ဆုံပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်
မြစ်ကြီးနား ဇွန် ၄ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၄ ရက် နံနက် (၈)နာရီခွဲတွင် မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်းအတွင်းရှိ မနောအိမ်တော်၌ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ် ကျေးမှုအသင်းနှင့် မျိုးနွယ်စုကော်မတီဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ တိုင်းရင်းသားရေးရာယဉ်ကျေးမှုသုတေသနအဖွဲ့များနှင့် တွေ့ဆုံပြီး အားကစားပစ္စည်း များကို ထောက်ပံ့ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းနှင့် မျိုးနွယ်စုကော်မတီဝင်များနှင့် တွေ့ဆုံ ရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းရင်းသားတို့၏ ရိုးရာယဉ် ကျေးမှု၊ စာပေ၊ ဂီတ၊ ဓလေ့ထုံးစံများကို လက်ဆင့်ကမ်းဖော်ထုတ်ထိန်းသိမ်းနိုင်ရေးသည် အရေးကြီး ပါကြောင်း၊ ယနေ့ မိမိတို့တိုင်းရင်းသားများ၏ ရိုးရာဓလေ့များကို ဖော်ထုတ်ထိန်းသိမ်းမှတ်တမ်းတင် နိုင်ခွင့်ရရှိပြီဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ကောင်စီအဖွဲ့အနေဖြင့်လည်း ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးအတွက် အမြဲတမ်းချိတ်ဆက်၍ လက်တွဲပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါ […]ဆက်လက်ဖတ်ရှူရန်