ကချင်ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၁ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံရသည့် ဆရာမကြီးအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မြစ်ကြိးနားမြို့ IDPs စခန်းများရှိ နေရပ်စွန့်ခွာပြည်သူမျာအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၁ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံရသည့် ဆရာမကြီးအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မြစ်ကြိးနားမြို့ IDPs စခန်းများရှိ နေရပ်စွန့်ခွာပြည်သူမျာအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေး

မြစ်ကြီးနား     နိုဝင်ဘာ ၂၄

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့၀င် ပြည်နယ်၀န်ကြီးများသည် နို၀င်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ်(၉) အခြေခံပညာ အထက်တန်း‌ကျောင်း ရွှေသွေးခန်းမ၌ ၂၀၂၁ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူး ဆောင်ပုဂ္ဂိုလ်ရွေးချယ်ခံရသည့် ဆရာမကြီးဒေါ်ခင်အေးမူအား ဂုဏ်ပြုသည့်အခမ်းအနားသို့ တက်‌ ရောက် ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်န်က ၂၀၂၁ ခုနှစ်အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ “ပညာရေးပြန်လည်အားကောင်းရေး ဆရာများ က ပဲ့ကိုင်ပေး (Teachers at the heart of education recovery)” ဆောင်ပုဒ်နှင့်အညီ ထူးချွန်ထက်မြက် ပညာတတ်တဲ့ အနာဂတ် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရေးအတွက် ဆရာ၊ ဆရာမများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်ဟာ အထူးလိုအပ်လှပါ‌‌ကြောင်း၊ တပည့်များ လမ်းမှား မရောက်စေရေးအတွက် ဆရာ၊ ဆရာမများသည် မှန်ကန်သော လမ်းညွှန်မှုများပေးရမည် ဖြစ်ကြောင်း၊ မြန်မာ့ပညာရေး နိုင်ငံတကာအဆင့်မီ တိုးတက်လာစေရေးနှင့် ပညာတတ်များပေါ် ထွန်းလာစေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပြီး ယနေ့ဂုဏ်ပြု ခံဆရာမကြီးကဲ့သို့  မိမိထမ်းဆောင်ရမယ့် တာဝန်အသီးသီးကို စေတနာရှေ့ထားကာ ကျေပွန်စွာ ထမ်းဆောင်ကြရေးနှင့် ကချင်ပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်ခဲ့သည့် ဂုဏ်ပြုခံဆရာမကြီး‌‌ ဒေါ်ခင် အေးမူကိုလည်း ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင် အသိအမှတ်ပြု ဂုဏ်ပြုဝမ်း မြောက်ပါကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီး ဦးလှညွှန့်က ဂုဏ်ထူးဆောင်ဆရာမကြီး ဒေါ်ခင်အေးမူ၏ တာ၀န်ထမ်းဆောင်ခဲ့စဉ်တစ်လျှောက် ပြည်နယ်အတွက် စွမ်းဆောင်ခဲ့မူ မှတ်တမ်းအား ဖတ်ကြားတင်ပြခဲ့ပြီး ပြည်နယ်၀န်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာ၀န်ကြီးတို့က ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပညာရေး၀န်ကြီးဌာနတို့မှ ဂုဏ် ပြုချီးမြှင့်ပေးအပ် မှတ်တမ်းဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ စု‌စုပေါင်း (၁၅)သိန်းကျပ်အား ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် ဆရာမကြီး ဒေါ်ခင်အေးမူအား ချီးမြှင့်ပေးအပ်ခဲ့ပြီး ဆရာမကြီးဖြင့် အမှတ် တရ မှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့သည်။

ယနေ့ ၂၀၂၁ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့် ပညာဦးစီးဌာနမှ (၃)ဦး၊ အခြေခံပညာဦးစီးဌာနမှ (၁)ဦး စုစုပေါင်း (၄)ဦး ရွေးချယ်ဂုဏ်ပြုရာတွင် ဆရာမကြီးဒေါ်ခင်အေးမူသည် အခြေခံပညာဦးစီးဌာနမှ  ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့ ခြင်းဖြစ်ပြီး ဆရာမကြီးအနေဖြင့်  ၁၉၅၇ ခုနှစ် ဇွန်လ ၁ ရက်နေ့ မှ ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့အထိ စုစုပေါင်း (၃၅)နှစ်တိတိ ပညာရေးဌာနတွင် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့်အပြင် ပြည်နယ်အတွင်း ထူးချွန်ထက်မြက်သည့် လူငယ်များစွာမွေးထုတ် ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၀င်များသည် မြစ်ကြီးနားမြို့၊လယ်ကုန်းရပ်ကွက် ရှိ မလိယန်နှစ်ခြင်းအသင်းတော်၌ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက မလိယန် IDPs Camp ရှိ ပြည်သူများနှင့် အဆိုပါရပ်ကွက်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေး Sinopharm ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးလာရောက် ထိုးနှံသောပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ နှာခေါင်းစည်း Mask များပေးအပ်ခဲ့ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ပေးကြသည့်  ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အလားတူ ပြည်နယ်၀န်ကြီးချုပ်နှင့် အဖွဲ့၀င်များသည် ဇီးအွန်နှစ်ခြင်းအသင်းတော် ယာယီ နေရပ်စွန့်ခွာပြည်သူများနေထိုင်ရာစခန်းသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့်  စခန်းရှိပြည်သူများအား အားပေးခြင်း၊ နှာခေါင်းစည်းMask များ ဖြန့်ဝေခြင်းနှင့် ကျန်းမာရေး၀န်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ငွေများ ထောက် ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါ မလိယန်နှင့် ဇီးအွန်ယာယီနေရပ်စွန့်ခွာစခန်းများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းလုပ်ငန်းကို ပထမအကြိမ် အဖြစ် စခန်းများအတွင်းရှိ ပြည်သူ (၁၅၀) ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။