(၂ဝ၂၁)ခုနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဧကာဒဿမအကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

 (၂ဝ၂၁)ခုနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဧကာဒဿမအကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

မြစ်ကြီးနား     နိုဝင်ဘာ ၁၇

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ (ဧကာဒဿမ)အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်၉နာရီခွဲ အချိန်က  မြစ်ကြီးနားမြို့ ခေမာသီဝံ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ‌‌မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ် ရွက်ဆို၍  ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ထံမှ  တက်ရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူ ဆောက်တည် ခဲ့ပြီး သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။

ဆက်လက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊‌ ‌  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ပြည်နယ် ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက်   နိုင်ငံတော် သံဃာ့ဗဟိုဝန်ဆောင် ဘဒ္ဒန္တစန္ဒာ၀ရာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)ဆရာတော်ထံမှ အနုမောဒနာ တရားတော်များ နာကြားပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါတယ်။

ထို့နောက် ကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကာ ဧည့်ပရိတ်သတ်အပေါင်းတို့အား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြပြီး ကထိန်လျာသင်္ကန်းများနှင့် ပဒေသာပင်များကို မြို့ပေါ်ရှိကျောင်းတိုက် အသီးသီးသို့ ပို့ဆောင်ပေးခဲ့ ကြကြောင်း သိရသည်။ အဆိုပါ ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင် များ၏ (ဧကာဒဿမ)အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတွင် ပဒေသာပင် စုစုပေါင်း(၅၇)ခု၊ ပစ္စည်းတန်ဖိုးနှင့် လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်း(၃၃၁၉၅၃၀၀)ကျပ် ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။