
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့အတွင်း ကုန်စည်စီးဆင်းမှုနှင့် ကုန်တင်ကုန်ချလုပ်ငန်းများစနစ်တကျရှိစေရေးနှင့် မြို့တွင်း အဓိကလမ်းမများ တိုးချဲ့ဆောင်ရွက်ရေး ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား ဇူလိုင် ၅ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်း၌ ကုန်တင်ယာဉ်ကြီးများ ဝင်/ထွက်သွားလာမှု လျော့ ချနိုင်ရေး၊ စီတာပူရပ်ကွက် ကုန်တင်ကုန်ချစခန်းအတွင်း ကုန်တင်ကုန်ချခြင်းနှင့် သယ်ယူပို့ဆောင် ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များနှင့် မြို့တွင်း အဓိကကျ သည့် လမ်းမကြီးများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ မလိခခန်းမ၌ ကုန်တင်ကုန်ချစခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြစ်ကြီးနားမြို့တွင်း လမ်းများပျက်စီမှုမရှိစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ကုန်တင်ကားကြီးများကို သတ် မှတ်လမ်းကြောင်းများအတိုင်း ကုန်တင်ကုန်ချစခန်း၌သာ ကုန်တင်ကုန်ချခြင်းလုပ်ငန်းများဆောင် ရွက်စေပြီး ကုန်တင်ကုန်ချစခန်းမှ တစ်ဆင့် မြို့တွင်းသို့…