ကချင်ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြစ်ကြီးနားမြို့၌ ဟိုတယ် ဆိုင်ရာဝန်ဆောင်မှု (အခြေခံ) သင်တန်းများနှင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွား လုပ်ငန်းဖော်ဆောင်ခြင်းဆိုင်ရာ အထောက်အကူပြု အခြေခံဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်
မြစ်ကြီးနား ဇွန် ၁၃ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ကချင်ဇုန်)တို့ ပူးပေါင်းဖွင့် လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(အခြေခံ)သင်တန်းများနှင့် မသန်စွမ်းသူများအတွက် အတား အဆီးမဲ့ ခရီးသွားလုပ်ငန်းဖော်ဆောင်ခြင်းဆိုင်ရာ အထောက်အကူပြု အခြေခံဝန်ဆောင်မှုသင်တန်း များကို ဇွန် ၁၃ ရ က် နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံ၌ ဖွင့်လှစ်သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ကချင်ပြည် နယ်အတွင်း ကိုဗစ်-၁၉ ကာလအလွန် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းရှိ ပေါများကြွယ်ဝသည့် သဘာဝအရင်းအမြစ်များကို အခြေခံ၍ ဒေသတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး ဦးစားပေးကဏ္ဍအဖြစ်…