ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် တိုင်းရင်းသားမျိုးနွယ်စုများနှင့် ဒေသခံပြည်သူများအား လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ မြစ်ကြီးနားမြို့၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

မြစ်ကြီးနား  ဇန်နဝါရီ ၂၈

          ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကကြီးမှူးကျင်းပသည့် တိုင်းရင်းသားမျိုးနွယ်စုများနှင့် ဒေသခံပြည်သူများအား လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ လူထုအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်သည်။

          အဆိုပါ ဟောပြောပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြပြီး အသိပညာပေးဟောပြောမည့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့မှ ပညာရှင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသည့် ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုး၊ ဗမာတိုင်းရင်းသားအပါအဝင် ရခိုင်၊ ကရင်စသည့် တိုင်းရင်းသားမျိုးနွယ်စုအသီးသီးမှ ခေါင်းဆောင်များနှင့် လူငယ်လူရွယ်များ၊ သင်တန်းကျောင်းများမှ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစှာ ပှညနွယဝွနကွှီးခှုပကွ ယနေ့ ဟောပှောပှဲသညွ ဒသခေံတိုငွးရငွးသားမှားနှင့ွ မိဘပှညသွူမှား လူမှုစီးပှားဘဝဖှံ့ဖှိုးတိုးတကစွရနွေ ရညရွှယကွငွှးပပှုလုပရွခှငွးဖှဈသည့အွတှကွ တိုငွးရငွးသားမိဘပှညသွူမှား သိသင့သွိထိုကသွည့ွ အမှိုးသမီးအခှင့အွရေး၊ ကလေးသူငယအွခှင့ွ အရေး၊ မသနစွှမွးအခှင့အွရေး၊ တိုငွးရငွးသားအခှင့အွရေးဆိုငရွာမှား၊ မူးယဈ‌ဆေးဝါးအနတြရာယွ ကှောငွး သိကောငွးစရာမှား၊ ယာဉစွညွးကမွးလမွးစညွးကမွးဆိုငရွာမှားနှင့ွ ဧရာဝတီမှဈဆုံ- မှဈညာမှဈဝှမွးရအေားလှှပစွဈစီမံကိနွးဆိုငရွာမှားကို သကဆွိုငရွာတာဝနရွှိသူမှားနှင့ွ ပညာရှငမွှားက ရှငွး လငွးပှောကှားသှားမညဖွှဈပါကှောငွး၊ သို့ဖှဈပါ၍ တကရွောကလွာကှသူမှားအနဖှငေ့ွ ဟောပှောခကှမွှားအပေါွ လိုအပသွညမွှား အကှံပှုဆှေးနှေးပေးကှစလေိုကှောငွးနှင့ွ မိမိတို့ပှညနွယွ ဘကစွုံဖှံ့ဖှိုးတိုးတကစွရရေေး အားလုံးကလကတွှဲပှီး ဝိုငွးဝနွးပူးပေါငွးပါဝငဆွောငရွှကသွှားကှရနွ လိုအပပွါကှောငွး တိုကတွှနွးမှာကှားသညွ။

          ထို့နောက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ဝင်၊ ငလျင်နှင့် အင်ဂျင်နီယာဘူမိဗေဒပညာရှင် ဒေါက်တာအေးလွင်က ငလျင်ဆိုင်ရာအချက်များနှင့် မြေငလျင်အကြောင်း သိကောင်းစရာ အချက်အလက်များကိုလည်းကောင်း၊ ရေအားလျှပ်စစ်ဒီဇိုင်းပညာရှင် ဒေါ်မြကြေးမုံက ရေအားလျှပ်စစ် ထုတ်ယူသုံးစွဲမှုနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ကမ္ဘာ့နိုင်ငံကြီးများမှ ရေအားလျှပ်စစ်စီမံကိန်းကြီးများ အကြောင်းကိုလည်းကောင်း၊ မြစ်ကြောင်းထိန်းသိမ်းရေးပညာရှင် ဦးဇော်လွင်က ဧရာဝတီ မြစ်နှင့်စပ်လျဉ်း၍မြစ်ကြောင်းဖြစ်ပေါ်မှု အခြေအနေများနှင့်ထိန်းသိမ်းဆောင်ရွက်နိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှုပညာရှင်ဦးဟိန်းထက်က ရေအရင်းအမြစ်ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ပါဝါပွိုင့်များဖြင့် ဆွေးနွေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ အမှတ်(၄) မူးယစ်တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူးဇော်မျိုးနိုင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် သိသင့်သိထိုက်သည်များကိုလည်းကောင်း၊ အမှတ် (၁၅)ယဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်ဇာနည်ကယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ဆိုင်ရာ လိုက်နာရမည့် အချက်အလက်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်က အမျိုးသမီးများနှင့် ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည့် အချက်အလက်များကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွယ်ဆိုင်းက တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဥပဒေ/ နည်းဥပဒေပါ အချက်များမှ သိသင့်သိထိုက်သည်များကိုလည်းကောင်း ပါဝါပွိုင့်များဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးဟောပြောကြရာ တက်ရောက်လာကြသူများ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ သိလိုသည်များနှင့် ၎င်းတို့၏ အမြင်များကို ဆွေးနွေးတင်ပြကြရာ နည်းပညာဆိုင် ရာလုပ်ငန်းအဖွဲ့မှ ပညာရှင်များက သိလိုသည်များနှင့် အမြင်များအပေါ် ပြန်လည်သုံးသပ်ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။