ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း မြစ်ကြီးနားမြို့၌ စတုတ္ထအကြိမ်မြောက် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်
မြစ်ကြီးနား အောက်တိုဘာ ၂၉ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စတုတ္ထအကြိမ်မြောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း အင်ဂျန်းခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကျောင်းသား/ ကျောင်းသူလေးများက “အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီချင်းဖြင့် သရုပ်ပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးက ပြည်နယ်၏လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အကျိုးထိရောက်စေသည့် ယခုလိုပွဲတော်များ ကျင်းပပေးခြင်းဖြင့် ကျောင်းစာကြည့်တိုက်များ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပြီး ကျောင်း သား/ ကျောင်းသူလေးများအနေဖြင့်လည်း စာကြည့်တိုက်မှာစာဖတ်ခြင်း၊ ဗဟုသုတရှာဖွေခြင်းစသည့် အလေ့အထကောင်းများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ပွဲတော်အတွင်း ကျောင်းသားလူငယ်လူရွယ်များအတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများအဖြစ် လူထုအခြေပြုဗဟိုဌာန(မြစ်ကြီးနား)တွင် ကျင်းပခဲ့သော ကျပန်းနှင့်ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့်…