ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား အီလက်ထရောနစ် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းတို့အား ကြည့်ရှုအားပေး
ဝိုင်းမော် စက်တင်ဘာ ၂၅ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဝိုင်းမော်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ပြုလုပ်ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးကျော်စိုးအောင်က အီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်သည့် သိသင့်သိထိုက်သည့် အချက်အလက်များနှင့် မဲပေးရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေးမှုကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများ၏ ကူညီလမ်းညွှန်မှုဖြင့် တက်ရောက်လာအသက် (၁၈) ပြည့်ပြီးသူ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံမဲဆန္ဒရှင်ပြည်သူများက အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခြင်းတို့ကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက အခမ်းအနားတက်ရောက်လာသူများအား…