ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆောင်ရွက်မည် Pilot Project စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အခမ်းအနားသို့ တက်ရောက်
သြဂုတ် ၃၀ မြစ်ကြီးနား ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆောင်ရွက်မည့် Pilot Project စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။ ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုကာလသည် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအကြိုကာလလည်းဖြစ်သည့်အတွက် မြို့နယ်အလိုက် မှုခင်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ယခင်ထက် ပိုမိုဆောင်ရွက်ရန် လိုအပ်သောကြောင့် Pilot Project စီမံချက်ကို ပထမဦးဆုံးဆောင်ရွက်သွားမှာ ဖြစ်၍ တက်ရောက်လာသည့် ဧည့်သည်တော်များမှလည်း အောင်မြင်မှုရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်ရာ တွင် လိုအပ်သောနည်းပညာနှင့်ပတ်သက်သော လုံခြုံရေးအသုံးအဆောင်ပစ္စည်းများအပြင် တပ်ဖွဲ့ဝင်များ/မိသားစုများ နေထိုင်ရန်အဆောက်အဦများ ဆောက်လုပ်ပေးခြင်း၊ ထောက်ပံ့ငွေပေးခြင်းများကို…