ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားများသို့ တက်ရောက်
မြစ်ကြီးနား အောက်တိုဘာ ၁ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့ နံနက် ၈ နာရီက အံတော်ရှင် တောင်တန်းသာသနာပြုကျောင်းတိုက်အတွင်းရှိ တောင်တန်းသာသနာပြု ဓမ္မဗိမ္မာန်တော်၌ “ဘဝ ချမ်းသာအခွင့်အရေးများ ရရှိရေး သက်ကြီးသူများ ဦးဆောင်ပါဝင်ပေး” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ပြီး ကချင်ပြည်နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ဂါဝရပြုပူဇော်ကန်တော့ခဲ့ကြသည်။ အဆိုပါ ခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သက်ကြီးပုဂ္ဂိုလ်များသည် လေးစားထိုက်ဂုဏ်ပြုထိုက်သူများဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း သက်ကြီးဘိုး/ဘွားများ၏ ဘဝလုံခြုံမှုရှိစေရေးနှင့် သက်ကြီးရွယ်အိုများ၏ စွမ်းအားနှင့် အတွေ့အကြုံများကို အတုယူ၍ အခွင့်အလမ်းများကို ဖန်တီးဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊…