ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြန်မာပြည်မြောက်ဖျားပိုင်း နောင်မွန်မြို့၌ ဝဏ္ဍကျော်ထင်ဦးဂူရှင်ခန်းမသစ်ဖွင့်လှစ်ပေး၊ မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ ရီဒမ်းတံတားသစ် တည်ဆောက်နေမှုအခြေအနေများနှင့် နောင်မွန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
နောင်မွန် မတ် ၃ မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးစေရေးနှင့် မိုးစပါးနှင့်အတူ သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေး၊ ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပူတာအိုခရိုင်၊ နောင်မွန်မြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နောင်မွန်- မဂွေဇ- ခေါင်လန်ဖူးလမ်းအခြေအနေအား မတ် ၃ ရက် နံနက် ပိုင်းကသွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ရှေးဦးစွာနံနက်၇နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများနှင့်အတူ နောင်မွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံ ငွေကျပ် (၁၅၆ ဒဿမ ၉)သန်းဖြင့် တည်ဆောက်ပေးခဲ့သော (၈၀ ပေ)၊ (၃၀ပေ)ရှိ…