ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာရင်းစစ်ရုံး ဝန်ထမ်းအိမ်ရာ (၃)ထပ် အဆောက်အအုံသစ် ဖွင့်လှစ်၊ ပြည်နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးရိတ်သိမ်းမှုအခြေအနေများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ “အော်လေလေ (Aw Le Le)” သောက်ရေသန့်စက်ရုံသစ်အား ဖွင့်လှစ်ပေး
မြစ်ကြီးနား ဖေဖော်ဝါရီ ၈ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းအိမ် (၃) ထပ်အဆောက်အအုံသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၃ နာရီက မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်အတွင်းရှိ အဆိုပါ အဆောက်အအုံသစ်ရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ များတက်ရောက်ခဲ့ကြသည်။ရှေးဦးစွာ ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း (၃၉၆ ဒဿမ ၆၀၀)သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သော (၂)ခန်းတွဲ (၃)ထပ် ဝန်ထမ်းအိမ်ရာအဆောက်ဦနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦသစ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး…