ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ် စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းတည်ငြိမ်စွာ စတင်ဖြေဆိုမှုအား လှည့်လည်ကြည့်ရှုအားပေး၊ ၂၀၂၅ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းများဖွင့်လှစ်ပေး၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်း အား/ကာသိပ္ပံ မြေနေရာနှင့် ကျေးရွာကွက်သစ်လျာထားမြေနေရာများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား မတ် ၁၇ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းရှိ စာစစ်ဌာနများတွင် မတ် ၁၇ ရက်မှ စတင်၍ မတ် ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ စာစစ်ဌာနများတွင်လည်း ကျောင်းသား/ ကျောင်းသူများက ယနေ့ နံနက်ပိုင်းတွင် မြန်မာဘာသာရပ်ကို စတင်ဖြေဆိုနေပြီဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ စာစစ်ဌာနများ၌ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဝင်များနှင့်အတူ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနရှိ စာသင်ဆောင်များအတွင်း ကျောင်းသားဦးရေ (၂၀၀)ကျော်နှင့် ကျောင်းသူဦး‌ရေ (၅၀၀)…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ မှန်ပြတောင်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသည့် မဟာအောင်ဘုန်းပွင့်ဗျာဒိတ်တော်ပေးရပ်တော်မူရုပ်ပွားတော်မြတ်ကြီးနှင့် တောင်ထိပ်ရှိ ကာစမဏိသလာမှန်ပြတောင်စေတီတော် တည်ဆောက်လျက်ရှိသည့် အခြေအနေများအား သွားရောက်ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မတ် ၁၆ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်း၍ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ အမြင့်ပေ ၁၄၀၀ ကျော်ရှိသည့် မှန်ပြတောင်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသည့် မဟာအောင်ဘုန်းပွင့် ဗျာဒိတ်တော်ပေး ရပ်တော်မူရုပ်ပွားတော်မြတ်ကြီးနှင့် တောင်ထိပ်ရှိ ကာစမဏိသဘာ မှန်ပြတောင်စေတီတော် တည်ဆောက်လျက်ရှိသည့် အခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မွန်းလွဲ ၁ နာရီက သွား ရောက်ကွင်းဆင်းစစ်ဆေးကြည်ညိုခဲ့ကြသည်။ ထို့သို့ သွားရောက်ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အလှူရှင်များနှင့်အတူ မှန်ပြတောင်တော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသည့် မဟာအောင်ဘုန်းပွင့် ဗျာဒိတ်တော်ပေး ရပ်တော်မူတည်ထားတော်မူသည့် အခြေအနေ များကို ရုပ်ပွားတော်အား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၊ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၊ သင်တန်းသားပေါင်း ၁၀၀၀ ကျော် ပါဝင်သည့် သက်တမ်းအလိုက် ဘောလုံးပွဲတော်သို့ တက်ရောက်အားပေး၊ လဝမ်ကထောင်နှင့် ဟိုးလော်ကျေးရွာများ မြစ်ရေတိုက်စားမှုမှ ကာကွယ်ရေး ကမ်းပါးထိန်း ကျောက်စီမြေထိန်းနံရံများ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား မတ် ၁၅ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12)စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်အတွင်း အဆိုပါ တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို စာစစ်ဌာနပေါင်း (၂၂)ခု ဖွင့်လှစ်၍ ကျင်းပပြုလုပ်သွားမည်ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း Grade-5 မှ Grade-9 အထိ စာမေးပွဲများကို အေးချမ်းတည်ငြိမ်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ယနေ့ တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်၌ ၂၀၂၅ ခုနှစ် သာသာနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကျင်းပ၊ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး လယ်ကုန်း၊ ကြက်ပေါင်ခြံရပ်ကွက်များအတွင်း ကမ်းနားလမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား မတ် ၁၄ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို မတ် ၁၃ ရက် နံနက် ၁၁ နာရီတွင် မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်(ရွှေကျင်)မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဟိ တေသိတထံအမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် ဘွဲ့ခံဆရာတော်နှင့် သီလရှင်ဆရာများ တက်ရောက်တော်မူကြသည်။ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အောင်ဇော်ထွေးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြည်ညိုခဲ့ကြပြီး အခမ်း အနားကို နမောတဿ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် လမ်းဘေးဝဲ/ယာတွင် ရာသီပန်းပင်များ ဖူးပွင့်ဝေဆာနေမှုအား ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားခရိုင်အတွင်း ဆောင်းဆီထွက် သီးနှံစိုက်ပျိုးမည့် တောင်သူများအား MPE ထုတ်ယူရီယားမြေသြဇာများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းအခမ်းအနားသို့ တက်ရောက်၊ ပလနနှင့် နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ ရိုးပြတ်ကျန်လယ်များအတွင်း ပဲပုတ်သီးနှံစိုက်ပျိုးထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား မတ် ၁၂ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပပြီး သစ်ပင်ပန်းမံများဖြင့် စိမ်းလန်းစိုပြည်နေစေရေး ဘဏ္ဍာငွေများခွဲဝေချထားပြီး မြို့ပြဖွံ့ ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် ယနေ့ နံနက် (၆)နာရီခွဲက မြစ်ကြီးနားမြို့ အဓိကလမ်းမကြီးများပေါ်တွင် သန့်ရှင်းသာယာလှရေးနှင့် ရာသီပေါ်ပန်းများဖြင့် ဖူးပွင့်ဝေဆာနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ မြို့နယ်အမှုဆောင်အရာရှိ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမကြီး (ပြည်ထောင်စု)လမ်းမ တစ်လျှောက်တပ်ကုန်းရပ်ကွက်အတွင်းရှိ လမ်းလယ်ကျွန်းများတွင် စည်ပင် သာယာရေးအဖွဲ့စိမ်းလမ်း လုပ်သားများက မြေယာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လမ်းမတစ်လျှောက် စက္ကူပန်း ပင်၊ နွယ်သာဂီပန်းပင်များဖြင့် ဖူးပွင့်ဝေဆာလှပနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ တိုင်းရင်းကြက်သားဖောက်မွေးမြူရေးလုပ်ငန်းဆောင် ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (ငွေလုံး ငွေရင်း) အသုံးစရိတ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်း/ လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်ကုန်တွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးနှင့် ၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား မတ် ၁၁ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဒေသတွင်းရှိတောင်သူများအား ရင်းနှီးမတည်ပေးခြင်း၊ တွန်းအားပေးမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ရှိ တိုင်းရင်းကြက်သားဖောက်မွေးမြူရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ကြာရာပ္ပတီးရပ်ကွက်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးပီတာမရန်ဂွန်ဒန်ဇော်၏ ခြံဝင်းသို့ သွားရောက်ပြီး ခြံဝင်းအတွင်း တိုင်းရင်းကြက်သားပေါက်ငယ်ကောင်ရေ ၂၀၀၀ ကျော် မွေးမြူထားရှိမှု အခြေအနေများ၊ ဒေသကြက် မျိုးကောင်းမျိုးသန့်ကောင်ရေ (၇၀၀)ကျော်အား စုစည်းရွေးချယ်၍ ကြက်ခြံ (၅) ခြံအဖြင့် စနစ်တကျ မွေးမြူထားရှိမှုအခြေအနေများနှင့် ခေတ်မီစက်ကြီးများဖြင့် ကြက်ဥများအား သားဖောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အောက်ဆန်ဂေါင်ကျေးရွာအတွင်း လယ်သီးထပ်ဆီထွက်သီးနှံ ဆီမုန်ညှင်းစိုက်ခင်းနှင့် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း (ရေခဲတောင်သွားလမ်း) လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး(ချမ်းမြေ့မေ) စမ်းသပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲတက်ရောက်

ပူတာအို မတ် ၅ မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် စားရေရိက္ခာဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအားတိုးတက်မြှင့်မားရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးမှု တိုးတက်မြင့်မားလာစေ‌ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၄ ရက်က အထက်ဆန်ဂေါင်- လုံနဒမ်း-ဇီးယာဒမ်းလမ်း (ရေခဲတောင်သွားလမ်း) ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်သည်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့မှတစ်ဆင့် မြို့နယ်အတွင်းရှိ အောက်ဆန်ဂေါင်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအတွင်းနိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ ရင်းနှီးမတည်ငွေကျပ် (၃၅)သိန်း ပံ့ပိုးပေးမှုဖြင့် တောင်သူ ဦးခေါင်ခင်၏ လယ်(၅)ဧကအတွင်း ဆီမုန်ညှင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ဆက်လက်၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆည်ရေသောက်စနစ်များနှင့် ကျေးရွာဘောလုံးကွင်း ပြုပြင်ပေးနိုင်ရေးစသည့် လိုအပ်ချက်များ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နောင်မွန်မြို့၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး၊ ပူတာအိုမြို့၌ ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ မူးယစ်ကင်းစင်တို့လက်များ စုပေါင်းမိတ် သဟာယ၏ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲနှင့် လုံးစွတ်ရပ်ကွက်အတွင်း မိုးစပါးစိုက်ဧက ၃၀၀ ကျော်အကျိုးပြုသည့် နတ်ကုန်တုံရေလွှဲဆည်အား ဖွင့်လှစ်ပေး

ပူတာအို မတ် ၄ မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးစေရေးနှင့်မိုးစပါးနှင့်အတူ သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေး၊ ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၃ ရက် နံနက်ပိုင်းက ပူတာအိုခရိုင်၊ နောင်မွန်မြို့၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် နောင်မွန်မြို့နယ် ထန်ထုကျေးရွာအတွင်းရှိ ဦးခေါင်လန်အိမ်ရမ်၏ ခြံ၌ မိသားစုတစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ငါးကန်တိုးချဲ့၍ ငါးကောင်ရေထပ်မံစိုက်ထည့် မွေးမြူနိုင်ရေးအတွက် လုပ်ငန်းများ စနစ်တကျဖြစ်စေရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ငါးကန်တိုးချဲ့နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေအဖြစ် ငွေကျပ်သိန်း ၂၀ ကိုပေးအပ်ခဲ့သည်။ထို့နောက် နောင်မွန်မြို့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြန်မာပြည်မြောက်ဖျားပိုင်း နောင်မွန်မြို့၌ ဝဏ္ဍကျော်ထင်ဦးဂူရှင်ခန်းမသစ်ဖွင့်လှစ်ပေး၊ မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ ရီဒမ်းတံတားသစ် တည်ဆောက်နေမှုအခြေအနေများနှင့် နောင်မွန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

နောင်မွန် မတ် ၃ မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးစေရေးနှင့် မိုးစပါးနှင့်အတူ သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေး၊ ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပူတာအိုခရိုင်၊ နောင်မွန်မြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နောင်မွန်- မဂွေဇ- ခေါင်လန်ဖူးလမ်းအခြေအနေအား မတ် ၃ ရက် နံနက် ပိုင်းကသွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ရှေးဦးစွာနံနက်၇နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများနှင့်အတူ နောင်မွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံ ငွေကျပ် (၁၅၆ ဒဿမ ၉)သန်းဖြင့် တည်ဆောက်ပေးခဲ့သော (၈၀ ပေ)၊ (၃၀ပေ)ရှိ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြန်မာပြည်မြောက်ဖျားပိုင်း နောင်မွန်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

နောင်မွန် မတ် ၂မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်အတွင်း ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် မိုးစပါးအပြင် သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေး ဆီထွက်သီးနှံများတိုးမြှင့်စိုက်ပျိုးနိုင်ရေး ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၁ ရက်က နောင်မွန်မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့မှ နောင်မွန်မြို့သို့ မော်တော်ယာဉ်ဖြင့် သွား‌ရောက်ခဲ့ကြပြီး ရှေးဦးစွာ မချမ်းဘောမြို့နယ် အလန်ဂါးကျေးရွာအတွင်းရှိ (၂၁)မိုင် View Point ၌ ဒေသတွင်း နာမည်ကျော်နေရာတစ်ခုဖြစ်သည့် တိမ်ပင်လယ်ဖြစ်ထွန်းနေမှုနှင့် တောတောင်ရေမြေသဘာဝအလှများကို ကြည့်ရှုလေ့လာခဲ့ကြသည်။ထို့နောက်နောင်မွန်မြို့နယ်ရပ်ဘော့ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရင်းနှီးမတည်ပေးမှုဖြင့် အကျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိသည့် ဒေသဝက်မွေးမြူရေးလုပ်ငန်းများ…

Read More