ကချင်ပြည်နယ်ဝန်ကြီးချုပ် ရိုးပြတ်ကျန် မိုးစပါးစိုက်ကွင်းများအတွင်း လယ်သီးထပ် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်၊ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းအဖြစ် မြေယာ ရှုခင်းပြုပြင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် တွင် ဝင်ရောက်ယှဉ်ပြိုင် ပြန်လည်ရောက်ရှိလာကြသည့် ပြည်နယ်ကိုယ်စားပြုအားကစားသမား အချို့အား မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆို
မြစ်ကြီးနား ဒီဇင်ဘာ ၁၇ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားဆီဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်းရရှိစေခြင်းဖြင့် ဆီဖူလုံမှု ၁၀၀ ရာခိုင်နှုန်းရရှိစေရေး ဦးတည်ရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်း ၉ နာရီက မြစ်ကြီးနားမြို့ ပလန(၂) ကံကော်မြိုင်ကျေးရွာ၊ ကွင်းအမှတ် (၄၅) ကံကော်မြိုင်ကွင်းအတွင်း လယ်သီးထပ်ဆောင်း သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူအသိပေးဆွေးနွေးပွဲနှင့် ထယ်ရေးထွန်ယက်ပွဲအား တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ ရှေးဦးစွာ မိုးစပါးရိတ်သိမ်းပြီး လယ်များတွင် ထပ်သီးထပ်ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး တောင် သူအသိပညာပေးဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒေသတွင်း စားဆီဖူလုံမှု အနေဖြင့် ရာခိုင်နှုန်း (၄၀)ကျော်သာရှိသည့်အတွက် စားဆီဖူလုံရေးကို မိမိတို့ကိုယ်တိုင် တိုးမြှင့်စိုက် ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုးစပါးရိတ်သိမ်းပြီး…