ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များအား သားအိမ်ခေါင်းကင်ဆာဆိုင်ရာဗဟုသုတနားလည်သိရှိမှုအား လေ့လာဆန်းစစ်

မြစ်ကြီးနား ဇန်နဝါရီ ၃၀ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် များအား သားအိမ်ခေါင်းကင်ဆာဆိုင်ရာဗဟုသုတ နားလည်သိရှိမှုအား လေ့လာဆန်းစစ်ခြင်းအခမ်း အနားကိုမြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မနောရွှေပြည်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။အခမ်းအနားသို့ ကချင်ပြည်နယ်မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်း နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ‌ဒေါ်နန်ဆိုင်းနှင့် နာယကအဖွဲ့ဝင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၏ဇနီးများ၊ ပြည်နယ်မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက် အားပေးခဲ့ကြပြီး၊ ရှေးဦးစွာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြူဖြူသန့်က သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားတတ်သည့် ဖြစ်စဉ်များ၊ ရောဂါအကြောင်းသိကောင်းစရာများ ဆန်းစစ်ချက် မေးခွန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ထို့နောက် ကချင်ပြည်နယ်မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်း နာယကဒေါ်နန်ဆိုင်းနှင့်အဖွဲ့ဝင်များက ပြည်နယ်/ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် များ သားအိမ်ခေါင်းကင်ဆာဆိုင်ရာဗဟုသုတ နားလည်သိရှိမှုအား လေ့လာဆန်းစစ်ချက် မေးခွန်းလွှာများ ဖြေဆိုနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

Read More

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်ပေးမှုဖြင့် ဒေသတွင်းအသားစားသုံးမှု ဖူလုံပိုလျှံစေ‌ရေး ဝက်နှင့် ကြက်မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေး

မြစ်ကြီးနား ဇန်နဝါရီ ၂၉ ရက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ရင်းနှီးမတည်ပေးပြီး လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေးနှင့် ထုတ်ကုန်တိုးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်သည် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မွေးမြူရေးခြံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။  ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာ စီမံကိန်းလုပ်ငန်းများ ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ အုပ်စု၊ ငအိုးကျေးရွာအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ရင်းနှီးမတည်မှုဖြင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိသော ပိုင်ရှင် ဦးဆင်ဝါးနော်၏ ခြံ၌ ကြက်ခြံ (၂)ခြံ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ရှိ တိလောကမုနိစိန်ရတနာစေတီ တော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ရွှေထီးတော်အထွဋ်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်မဟာမင်္ဂလာ အခမ်းအနားတွင် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲနှင့် မြစ်ကြီးနားတက္ကသိုလ် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီအားကစားပြိုင်ပွဲများ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ခဲ့

မြစ်ကြီးနားမြို့ ဇန်နဝါရီလ ၂၈ ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မိုးကုတ်ဓမ္မာရိပ်သာကျောင်းတိုက်အတွင်း တည်ထား ကိုးကွယ်တော်မူသည့် တိလောကမုနိစိန်ရတနာစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ရွှေထီးတော် အထွဋ်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်မဟာမင်္ဂလာ အခမ်းအနား ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးတို့ တက်ရောက်ပြီး ရဟန်း၊ သံဃာများအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ကြသည်။        ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင် စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူး၏ ဇနီးနှင့် တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာများ၊ တပ်ရင်း/ တပ်ဖွဲ့များက စေတီတော် ပုရဝုဏ်၌လည်းကောင်း၊ အလှူရှင်များနှင့် ဒေသခံပြည်သူများက စေတီတော်မှတစ်ဆင့် ဘုန်းတော်ကြီးကျောင်းဝင်းအထိ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နောင်တာလောရေလယ်ကျွန်းသဲသောင်ပေါ်တွင် ဆီထွက်သီးနှံနေကြာအပါအဝင် ဟင်းသီးဟင်းရွက်စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်မှုကို သွားရောက်ကြည့်ရှုစစ်ဆေး

 မြစ်ကြီးနား ဇန်နဝါရီ ၂၁ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက ဧရာဝတီမြစ်အတွင်းရှိ နောင်တာလောရေလယ်ကျွန်းပေါရှိ ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းဒေါင့် ဧရာဝတီမြစ်ဆိပ်မှ မီးသတ်တပ်ဖွဲ့၏ အမြန်ရေယာဉ်များဖြင့် နောင်တာလောရေလယ်ကျွန်းသို့ သွား ရောက်ခဲ့ကြပြီး ရေလယ်ကျွန်းသဲသောင်ပြင်ပေါ်တွင် ပြည်နယ်အစီအစဉ်ဖြင့် ကျေးလက်‌ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆီထွက်သီးနှံ နေကြာစိုက်ခင်းအတွက် ဆိုလာမြစ်‌ရေတင်စနစ်ဖြင့် စိုက်ပျိုး ဆောင်ရွက်ထားသည့် နေကြာစိုက်ခင်းအတွင်း နေကြာပန်းများဖြင့် ဖြစ်ထွန်းနေမှု အခြေအနေများ၊ သဲသောင်ပေါ်တွင် ဖရဲသီး၊ ဖရုံသီးနှင့် ဘူးသီးပင်များ စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် လဝမ်ကထောင်နှင့် ဟိုလော်ကျေးရွာများ ဧရာဝတီမြစ်ကမ်းပြို ကာကွယ်ရေး ကျောက်စီမြေထိန်းနံရံတည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၊ အောင်နန်းဂျာမေ့ဗလီ၏ အစ္စလာမ်ဘာသာရေးဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုပေးအပ်ချီးမြှင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၄ ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဇွန်လက မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြစ်ကြီးနားမြို့ ရေဝင်ရောက်မှုနှင့်အတူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ လဝမ်ကထောင်နှင့် ဟိုးလော်ကျေးရွာများ၌ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါကျေးရွာများ မြစ်ရေတိုက်စားမှုမှကာကွယ်နိုင်ရေး ကျောက်စီကမ်းထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၃ နာရီက ဒေသခံများနှင့်တွေ့ဆုံပြီး တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ကမ်းနားလမ်းနှင့် ရုံးကြီးလမ်းဆုံ ဧရာဝတီမြစ်ဆိပ်မှ မီးသတ်တပ်ဖွဲ့၏အမြန်ရေယာဉ်များဖြင့် လုပ်ငန်း စီမံကိန်း တည်ဆောက်ရာနေရာသို့သွားရောက်ခဲ့ကြသည်။ အဆိုပါ လုပ်ငန်းစီမံကိန်းနေရာရှိ ကမ်းပါးပြိုကျခဲ့သည့်နေရာ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသခံကျေးရွာသူ၊ ရွာသားများနှင့် တွေ့ဆုံရာ ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊…

Read More

(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ရိုးရာမနောအက၊ ဒေသထွက် ထုတ်ကုန်ပစ္စည်းပြခန်း၊ ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၁           ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာတွင် ရိုးရာမနောအက၊ ဒေသထွက်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပြခန်းများ၊ သစ်သီးဝလံပြပွဲပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီတွင် ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းမှ သိရသည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်နေ့ အခမ်းအနား ဖြစ်မြောက်ရေးအတွက် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊ မနောပွဲကျင်းပရေးဆပ်ကော်မတီ၊ ပြခန်းဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်ပြီး (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်း ပင်မအဆောင်ရှေ့မျက်ခင်းပြင်၌ ကျင်းပပြုလုပ်နိုင်ရေး မနောတိုင်၊ မနောကွင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မိသားစုခရစ္စမတ်ပွဲတော်သို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၅ နာရီခွဲက ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှ မြို့တွင်းလမ်းများအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။           အဆိုပါ လမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ ပညာရေးကောလိပ်နှင့် သူနာပြုကျောင်းများမှ သင်တန်းသား/ သင်တန်းသူများ၊ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများက ပြည်သူ့ အားကစားကွင်း အထူးတန်းပွဲကြည့်ရှေ့စုရပ်မှ ရုံးကြီးလမ်း၊ သခင်နက်ဖေလမ်း၊ ထိုမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီး၊ ဆွမ်ပရာဘွမ်လမ်းမှတစ်ဆင့် ရုံးကြီးလမ်းမအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ကြပြီး ပြည်နယ်ဘောလုံးကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ကိုယ်ကာယ ကြံ့ခိုင်မှု အတွဲ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နှစ်(၆၀)ပြည့် မြန်မာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စေတနာ သွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၀           ကချင်ပြည်နယ်စေတနာသွေးသန့်သွေးလှူရှင်များအသင်းက ကြီးမှူး၍ နှစ် (၆၀)ပြည့် မြန်မာ့ သွေးလှူရှင်များနေ့အထိမ်းအမှတ် စေတနာသွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ် ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးခဲ့သည်။           အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှ အေး၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆေးရုံအုပ်ဒေါက်တာဝင်းမော်နှင့် တာဝန်ရှိသူများ၊ ကချင်ပြည်နယ် စေတနာသွေးသန့်သွေးလှူရှင်များအသင်း ဥက္ကဋ္ဌ၊ အသင်းတာဝန်ရှိသူများနှင့်အတူ စေတနာသွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းနိုင်ရေး ကျန်းမာရေးဝန်ထမ်းများ ကူညီဆောင်ရွက်ပေး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအတွင်းရှိ မဒိန်ကွင်း စနစ်တကျစက်မှု လယ်ယာ ဧက ၁၀၀ မိုးစပါးစံပြစိုက်ကွင်းအတွင်း ဆောင်းသီးထပ်လယ်သီးနှံအဖြစ် နေကြာနှင့် ပဲပုပ်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်၊ ဝန်ထမ်းများအား ဟင်းသီးဟင်းရွက်များ ဖြန့်ဝေပေးအပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၁၉           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်း တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းအားဖြင့် ဒေသတွင်း စားဆီဖူလုံမှု ၁၀၀ ရာခိုင်နှုန်းကျော် ရရှိရေး အတွက် (၅)နှစ်စီမံကိန်းချမှတ်၍  ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၉ ရက် နံနက် ၈ နာရီက ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအုပ်စု၊ မဒိန်ကွင်းသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစီအစဉ်ဖြင့် မိုးစပါးရည်မှန်းချက်အထွက်နှုန်းရရှိရေး စနစ်ကျစက်မှုလယ်ယာ ဧက (၁၀၀) စံပြစိုက်ကွင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည့် မဒိန်ကွင်းအတွင်း မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန် လယ်ဧက ၁၀၀ လုံးတွင် နေကြာစိုက်ဧက ၅၀ နှင့် ပဲပုပ်စိုက်ဧက ၅၀ စိုက်ပျိုးနိုင်ရေး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်သောလုပ်ငန်းစဉ်များ ချမှတ် နိုင်‌ရေးနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ကျင်းပ

မြစ်ကြီးနား     ဒီဇင်ဘာ ၁၈           ကချင်ပြည်နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်သောလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် ကချင် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြသည်။           ‌ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြသည့်အတွက် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်း စေရန်နှင့် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် မဖြစ်မနေ အလေးထား ဆောင်ရွက်ကြရေး၊ ထို့အပြင် လုပ်ငန်းများချမှတ်ဆောင်ရွက်ရာတွင်လည်း ပိုမိုထိရောက်အောင်မြင်စေရေး၊ ပေါင်းစပ်ညှိနှိုင်းမှုများ ပိုမိုခိုင်မာအားကောင်းလာစေ‌ရေးအတွက် ယနေ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဘဏ္ဍာရေးနှစ် အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ တိုးတက်မှုအခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည့်…

Read More