ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်း MSME ထုတ်ကုန်ပြခန်းများဖြင့် ပြသနိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
မြစ်ကြီးနား ဒီဇင်ဘာ ၁၁ ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဒေသထုတ်ကုန်များ ပြခန်းများပြသနိုင်ရေးနှင့် ဈေးကွက်ရရှိရေးအတွက် ဒီဇင်ဘာ ၁၀ ရက် ညနေ ၃ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲကျင်းပပြုလုပ် သည်။ တွေ့ဆုံပွဲတွင် ပြည်နယ်အသေးစား၊အငယ်စားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း စားသောက်ကုန်၊ အဝတ်အထည်၊ လူသုံးကုန်/ အလှကုန်ပစ္စည်းများ ထုတ်လုပ်သည့် MSME လုပ်ငန်းများစွာရှိနေပါ ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဒေသထုတ်ကုန်များ တိုးတက်မြှင့်မားလာ စေရေးနှင့် ပြည်တွင်း/…